www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, August 8, 2017

မြန်မာ့ ကျောက်မျက်ရတနာပြပွဲ ဆဋ္ဌမနေ့ ဆက်လက်ကျင်းပ


မြန်မာ့ကျောက်မျက်ရတနာပြပွဲ ဆဋ္ဌမနေ့မြင်ကွင်းကို တွေ့ရစဉ်။

နေပြည်တော် ၈-၈-၂၀၁၇

(၅၄) ကြိမ်မြောက် မြန်မာ့ကျောက်မျက် ရတနာပြပွဲ ဆဋ္ဌမနေ့ကို ယနေ့နံနက် ၇ နာရီတွင် နေပြည်တော်ရှိ မဏိရတနာ ကျောက်စိမ်းခန်းမ၌ ဆက်လက်ကျင်းပသည်။

အဆိုပါပြပွဲတွင် ပြည်တွင်းပြည်ပ ကျောက်မျက်ရတနာ ကုန်သည်များသည် မဏိရတနာ ကျောက်စိမ်းဝင်းအတွင်း သတ်မှတ်နေရာ များအလိုက် ခင်းကျင်း ပြသထားသည့် မြန်မာ့ကျောက်မျက် ရတနာများကို လေ့လာကြည့်ရှုကြပြီး တင်ဒါများကို လွတ်လပ်စွာ တင်သွင်းလျက်ရှိသည်။

ယနေ့တွင် ယမန်နေ့က တင်ဒါတင်သွင်းခဲ့သည့် ကျောက်စိမ်း၊ ကျောက်မျက်ရတနာ အတွဲများမှ တင်ဒါ အောင်မြင်သူများကို ထုတ်ပြန်ကြေညာပြီး တင်ဒါစည်းမျဉ်း၊ စည်းကမ်းများနှင့်အညီ ဆက်လက် ဆောင်ရွက်ကြသည်။

ဆက်လက်၍ ကျောက်စိမ်းကျောက်မျက် အတွဲအမှတ် ၂၂ဝ၁ မှ ၃၃ဝဝ ကိုလည်းကောင်း၊ အတွဲအမှတ် ၃၃ဝ၁ မှ ၄၄ဝဝ ကို လည်းကောင်း၊ အတွဲအမှတ် ၄၄ဝ၁ မှ ၅၅ဝဝ ကိုလည်းကောင်း၊ အတွဲအမှတ် ၅၅ဝ၁ မှ ၆၅၆၁ ကိုလည်းကောင်း ဆက်လက်ပြသ ရောင်းချသွားမည်ဖြစ်ကြောင်း သိရသည်။

မြန်မာ့ကျောက်မျက် ရတနာပြပွဲ၌ ယနေ့အထိ ကျောက်စိမ်းအတွဲအမှတ် ၁ မှ အတွဲအမှတ် ၂၂ဝဝ ထိ ပြသရောင်းချခဲ့ရာ ကျောက်စိမ်းအတွဲ ၁၇၅၁ တွဲ ရောင်းချခဲ့ရကြောင်း သိရသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger