www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, July 20, 2017

YBS ယာဉ်များ Cash Box စနစ်ဖြင့် ပြေးဆွဲရာတွင် ငွေအကြွေ လဲလှယ်နိုင်ရန် ယာဉ်လိုင်းများဘက်က တာဝန်ယူဆောင်ရွက်ရမည်



ရန်ကုန် ၂၀-၇-၂၀၁၇

YBS ယာဉ်များ Cash Box စနစ်ဖြင့်ပြေးဆွဲရာတွင် ယာဉ်စီးခငွေအကြွေ လဲလှယ်နိုင်ရန် သက်ဆိုင်ရာယာဉ်လိုင်း များဘက်က တာဝန်ယူ ဆောင်ရွက် ရမည်ဖြစ်ကြောင်း ရန်ကုန်တိုင်း ဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ (YRTA) မှသိရသည်။

YBS ယာဉ်လိုင်းများတွင် လာမည့် သြဂုတ်လမှစတင်၍ ယာဉ်နောက်လိုက်များ ထားရှိမည်မဟုတ်ဘဲ ခရီးသည်များ ကိုယ်တိုင် Cash Box တွင် ယာဉ်စီးခထည့်သွင်း ရမည်ဖြစ်ကာ ယာဉ်စီးခ သတ်မှတ်နှုန်းမှာ ငွေကျပ်၂ဝဝဖြစ်သဖြင့် ငွေအကြွေ လဲလှယ်နိုင်ရန် သက်ဆိုင်ရာယာဉ်လိုင်း ယာဉ်ပိုင်ရှင်များက တာဝန်ယူ ဆောင်ရွက်ပေးရမည် ဖြစ်ကြောင်း သိရသည်။

''
YBS ယာဉ်တွေမှာ Cash Box တွေကို ဒီလ ၂ဝ ရက်နေ့ နောက်ဆုံးထား တပ်ဆင်ဖို့ပြော ထားပါတယ်။ ဒီစနစ်ကိုလုပ်ရတာက ကားတွေမှာစပယ်ယာ မထားချင်တော့လို့ပါ။ အခုဖြစ်နေတဲ့ ပြဿနာတွေက စပယ်ယာတွေကြောင့် အများဆုံးဖြစ်နေတဲ့ အတွက် ဒါတွေကို ပပျောက်စေချင်လို့ပါ။ ခရီးသည်တွေ ငွေထည့်ဖို့၊ ငွေအကြွေ လဲနိုင်ဖို့ကိုတော့ ယာဉ်လိုင်းတွေ ယာဉ်ပိုင်ရှင်တွေဘက်က ပဲတာဝန်ယူရမှာပါ''ဟု ရန်ကုန် တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ (YRTA) မှ အတွင်းရေးမှူး ဒေါက်တာမောင်အောင်က ပြောပြသည်။

ယာဉ်နောက်လိုက် မပါဝင်ဘဲ Cash Box စနစ်ဖြင့် ယာဉ်စီးခ ကောက်ခံသည့်စနစ်ကို လက်ရှိတွင် ယာဉ်လိုင်းအချို့၌  စတင်ကျင့်သုံးနေပြီ ဖြစ်သော်လည်း ခရီးသွားပြည်သူများ ဘက်ကသိရှိလိုက် နာမှုအားနည်း နေသောကြောင့် အခက်အခဲများ ရှိနေကြောင်း သိရသည်။

#Yadanarpondaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger