www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, July 7, 2017

နော်ဝေနိုင်ငံမှ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်သို့ မြန်မာ့ရှေးဟောင်းဗုဒ္ဓဆင်းတုတော် ပြန်လည်လွှဲပြောင်းပေးအပ်


နော်ဝေနိုင်ငံမှ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်သို့ ပြန်လည်လွှဲပြောင်းပေးအပ်သည့် မြန်မာ့ရှေးဟောင်းဗုဒ္ဓဆင်းတုတော်အား တွေ့ရစဉ်။

နေပြည်တော် ၇-၇-၂၀၁၇

နော်ဝေနိုင်ငံမှ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်သို့ မြန်မာ့ရှေးဟောင်းဗုဒ္ဓ ဆင်းတုတော် ပြန်လည်လွှဲပြောင်း ပေးအပ်ပွဲကို ယနေ့ညနေပိုင်းတွင် အမျိုးသားပြတိုက် (နေပြည်တော်)၌ ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါအခမ်းအနားတွင် နော်ဝေနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာန ဝန်ကြီး H.E. Mr. Borge Brende က နော်ဝေနိုင်ငံသို့ ရောက်ရှိနေသည့် မြန်မာ့ရှေးဟောင်း ဗုဒ္ဓဆင်းတုတော် တစ်ဆူအား မြန်မာနိုင်ငံသို့ ပြန်လည်လွှဲအပ်မှုဆောင်ရွက်ခဲ့သည့် အခြေအနေများကို ရှင်းလင်းပြောကြားပြီး သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက လွှဲပြောင်းပေးအပ်မှုအတွက် ကျေးဇူးတင်စကား ပြောကြားသည်။

ဆက်လက်ပြီး နော်ဝေနိုင်ငံ၊ နိုင်ငံခြားရေး ဝန်ကြီးက ပြည်ထောင်စုဝန်ကြီးကို မြန်မာ့ရှေးဟောင်း ဗုဒ္ဓဆင်းတုတော်အား လွှဲပြောင်းပေးအပ်ပြီး အဖွဲ့လိုက် အမှတ်တရဓာတ်ပုံ ရိုက်ကူး၍ သတင်းမီဒီယာများ၏ မေးမြန်းချက်များ အား ပြန်လည်ဖြေကြား ခဲ့ကြောင်း သတင်းရရှိသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger