www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, July 12, 2017

ထိုင်းနိုင်ငံမှ ရွှေ့ပြောင်းမြန်မာ အလုပ်သမားများ မြန်မာနိုင်ငံသို့ ပြန်လည်ဝင်ရောက်ရာတွင် တပ်မတော်၊ ဌာနဆိုင်ရာများနှင့် လူမှုရေးအသင်းအဖွဲ့များက ဆက်လက်ပူးပေါင်းကူညီလျက်ရှိ


တပ်မတော်မှ မော်တော်ယာဉ်များဖြင့် ထိုင်းနိုင်ငံမှ ပြန်လည်ဝင်ရောက်လာသည့် ရွှေ့ပြောင်းမြန်မာ အလုပ်သမားများကို နေရပ်ပြန်နိုင်ရေး စီစဉ်ဆောင်ရွက်ပေးစဉ်။

ထိုင်းနိုင်ငံမှ ပြန်လည်ဝင်ရောက်လာသည့် ရွှေ့ပြောင်းမြန်မာအလုပုပ်သ်သမားများကို နေရပ်များသို့စနစ်တကျရောက်ရှိရေး တာဝန်ရှိသူများက စီစဉ်ဆောင်ရွက်ပေးစဉ်။

နေပြည်တော် ၁၂-၇-၂၀၁၇

ဇွန် ၂၉ ရက်မှစ၍ ထိုင်းနိုင်ငံမှ ရွှေ့ပြောင်းမြန်မာ အလုပ်သမားများ ပြန်လည်ဝင်ရောက်လျက်ရှိရာ ယနေ့အထိ မြဝတီနယ်စပ်ဂိတ်မှ ၃ဝ၂၇၁ ဦး၊ ဘုရားသုံးဆူ နယ်စပ်ဂိတ်မှ ၄၂၇၆ ဦး၊ စုစုပေါင်း ၃၄၅၄၇ ဦး ဝင်ရောက်ခဲ့သည့် အနက် ၃ဝ၈၅၃ ဦးမှာ ၎င်းတို့၏အစီအစဉ်ဖြင့် နေရပ်အသီးသီးသို့ ထွက်ခွာသွားခဲ့သဖြင့် ၃၆၉၄ ဦးအား နယ်မြေခံ တပ်မတော်သားများ၊ လူမှုအဖွဲ့အစည်းများ၊ ဌာနဆိုင်ရာများပူးပေါင်း၍ မော်တော်ယာဉ်များ စီစဉ်ပေးခြင်း၊ ကျန်းမာရေး စောင့်ရှောက်ပေးခြင်းနှင့် သက်ဆိုင်ရာနေရပ်များသို့ စနစ်တကျရောက်ရှိရေး စီစဉ်ဆောင်ရွက် ပေးလျက်ရှိသည်။

ထိုသို့ဆောင်ရွက် ပေးလျက်ရှိရာ ဇူလိုင် ၁ဝ ရက် ညနေ ၃ နာရီမှ ယနေ့ညနေ ၃ နာရီအထိ မြဝတီနှင့် ဘုရားသုံးဆူနယ်စပ် ဂိတ်အသီးသီးမှ ဝင်ရောက်လာသူ ၃၄၃ ဦး ရှိသည့်အနက် ၆၉ ဦးမှာ ၎င်းတို့အစီအစဉ်ဖြင့် နေရပ်ပြန် သွားခဲ့ပြီး နေရပ်ပြန်ရန် အခက်အခဲရှိသည့် ၂၇၄ ဦးတို့အား တပ်မတော်မှ မော်တော်ယာဉ်ခြောက်စီး၊ မြဝတီခရိုင်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ဘုရားသုံးဆူမြို့နယ် အဆင့်ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ မှ စီစဉ်ပေးသည့် မော်တော်ယာဉ်ငါးစီး၊ စုစုပေါင်း ၁၁ စီးဖြင့် အခမဲ့ပို့ဆောင်ပေးခဲ့ကာ စားသောက်ဖွယ်ရာများ စီစဉ်ပေးပြီး ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးသည်။

ထို့ပြင် မြဝတီမြို့မှ သထုံမြို့သို့ ပို့ဆောင်ပေးခဲ့သည့် ရွှေ့ပြောင်းအလုပ်သမား ၈၂ ဦးကိုလည်း တပ်မတော်မှ မော်တော်ယာဉ်ငါးစီးဖြင့် ရန်ကုန်မြို့သို့ ဆက်လက် ပို့ဆောင်ပေးသည်။ အလားတူ ရွှေ့ပြောင်း အလုပ်သမားများထပ်မံဝင်ရောက်လာပါက မော်တော်ယာဉ်၊ စားသောက်ဖွယ်ရာနှင့် ကျန်းမာရေး စောင့်ရှောက်မှုများ အသင့်ရှိစေရေးအတွက် တပ်မတော်၊ ဌာနဆိုင်ရာများ၊ လူမှုရေးအသင်း အဖွဲ့များ ပူးပေါင်းစီစဉ် ဆောင်ရွက်ထားရှိကြောင်း သတင်းရရှိသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger