www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, July 12, 2017

မြန်မာ့တပ်မတော် ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့အား အိန္ဒိယတပ်မတော်၊ အမှတ် (၁၁) တပ်မမှူးက ဂုဏ်ပြုညစာဖြင့် တည်ခင်းဧည့်ခံ


တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဦးဆောင်သော မြန်မာ့တပ်မတော်ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့ ဖျော်ဖြေရေးအဖွဲ့များက ရိုးရာအကများဖြင့် ကပြဖျော်ဖြေမှုကို ကြည့်ရှုအားပေးစဉ်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဦးဆောင်သော မြန်မာ့တပ်မတော်ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့အား အမှတ်(၁၁) တပ်မမှူး Maj.Gen. ANIL PURI က ဂုဏ်ပြုညစာဖြင့် တည်ခင်း ဧည့်ခံစဉ်။

နေပြည်တော် ၁၂-၇-၂၀၁၇

အိန္ဒိယသမ္မတနိုင်ငံ၊ အာမက်ဒါဘတ်မြို့တွင် ချစ်ကြည်ရေး ခရီးရောက်ရှိနေသည့် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သော မြန်မာ့တပ်မတော် ချစ်ကြည်ရေးကိုယ်စားလှယ် အဖွဲ့အား ဇူလိုင် ၁၀ ရက်ညပိုင်းတွင် အမှတ် (၁၁) တပ်မမှူး Maj. Gen. ANIL PURI က ဂုဏ်ပြုညစာဖြင့် တည်ခင်းဧည့်ခံသည်။ ဦးစွာတပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ဇနီးဒေါ်ကြူကြူလှ နှင့်အဖွဲ့ဝင် များအမှတ် (၁၁) တပ်မဌာနချုပ်ရှိ Golden Kater အရာရှိဧည့်ရိပ်သာသို့ ရောက်ရှိကြရာ တပ်မစစ်တီးဝိုင်းမှ ဂုဏ်ပြုတီးမှုတ် ကြိုဆိုသည်။

ထို့နောက် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့် အဖွဲ့ဝင်များအား ဖျော်ဖြေရေးအဖွဲ့များက ရိုးရာအကများဖြင့် ကပြ ဖျော်ဖြေကြသည်။ ဖျော်ဖြေမှုအစီအစဉ် ပြီးဆုံးချိန်တွင် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က တပ်မစစ်တီး ၀ိုင်းအဖွဲ့အား လည်းကောင်း၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်၏ဇနီးက ဖျော်ဖြေရေးအဖွဲ့ များအားလည်ကောင်း လက်ဆောင်နှင့် ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်သည်။

ယင်းနောက် တပ်မမှူးနှင့်ဇနီးတို့က မြန်မာ့တပ်မတော် ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့အား အမှတ်တရ လက်ဆောင်ပစ္စည်းများ ပေးအပ်ပြီး တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့်ဇနီးတို့က တပ်မမှူးနှင့် ဇနီးတို့အား အမှတ် တရလက်ဆောင် ပစ္စည်းများ ပြန်လည်ပေးအပ်သည်။ ထို့နောက်အမှတ် (၁၁) တပ်မမှူးမှ တည်ခင်းဧည့်ခံသော ဂုဏ်ပြုညစာအား အတူတကွ သုံးဆောင်ကြသည်။ ညစာသုံးဆောင် အပြီးတွင် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် နှင့် ဇနီးတို့သည် ဧည့်သည်တော် မှတ်တမ်းစာအုပ်တွင် အမှတ်တရလက်မှတ် ရေးထိုးကြပြီး ဧည့်ရိပ်သာရှေ့၌ စုပေါင်းဓာတ်ပုံ ရိုက်ခဲ့ကြကြောင်း သတင်းရရှိသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger