www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, July 13, 2017

နှစ်စဉ်ငါးသယံဇာတ ရရှိမှုပေါ်မူတည်၍ ငါးဖမ်းဆီးခြင်းကို သုညရာခိုင်နှုန်း သို့မဟုတ် တိုးမြှင့်ခွင့်ပြုခြင်းများ ဆောင်ရွက်ပေးမည်




ရန်ကုန် ၁၃-၇-၂၀၁၇

မြန်မာနိုင်ငံအတွင်း သဘာဝငါး သယံဇာတများ အလွန်အကျွံ ဖမ်းဆီးမှု များကြောင့် ယခုနောက်ပိုင်းတွင် ကန့်သတ်ထားပြီး နှစ်စဉ် ငါးသယံဇာတရရှိမှု ပေါ်မူတည်၍ ငါးဖမ်းဆီးခြင်းများကို သုညရာခိုင်နှုန်း သို့မဟုတ်တိုးမြှင့် ခွင့်ပြုခြင်းများ ဆောင်ရွက်ပေးမည် ဖြစ်ကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ သိရသည်။

အဆိုပါ သဘာဝငါး သယံဇာတများ မျိုးသုဉ်းပျောက်ကွယ်မှု မရှိစေရေးအတွက် သက်ဆိုင်ရာ ဝန်ကြီးဌာနအနေဖြင့် ငါးမဖမ်းဆီးရ ကာလအဖြစ် မေလမှ ဇူလိုင်လအထိ သုံးလသတ်မှတ်ထားပြီး မိုးရာသီအတွင်း ရပ်နားထားသော ဝိုင်းချူပိုက်၊ အင်္ဂလန် ကျားပိုက်၊ ကင်းမွန်နှင့် မြှုံး (ကဏန်း) ငါးဖမ်းယာဉ်များမပါ ကျန်ကမ်းဝေးငါး ဖမ်းယာဉ်များကို လုပ်ငန်းအမျိုးအစား အလိုက်ရေယာဉ် အစင်းရေ၏ ၃ဝ ရာခိုင်နှုန်းသာ ဖမ်းဆီးခွင့်ပြုထားကြောင်း သိရသည်။

ထို့ပြင် သတ်မှတ်ကာလ များအတွင်း ခွင့်မပြုဘဲ စည်းကမ်းဖောက်ဖျက်၍ ဖမ်းဆီးနေသော ကမ်းဝေးငါးဖမ်းယာဉ်များကို ငါးဖမ်းလိုင်စင် ရာသက်ပန် ပိတ်သိမ်းသည်အထိ ထိရောက်စွာ အရေးယူမည် ဖြစ်သည်။ လက်ရှိတွင် မြန်မာ့ ရေပိုင်နက်အတွင်း တရားမဝင် ငါးဖမ်းနေမှုကို သက်ဆိုင်ရာအဖွဲ့အစည်းများ နှင့်ပူးပေါင်းကာ စစ်ဆေးအရေးယူ နေပြီးနောက်ပိုင်းတွင် သဘာဝငါးသယံဇာတများ ဖမ်းဆီးခြင်းထက် မွေးမြူခြင်းလုပ်ငန်းများ မှတစ်ဆင့် ထုတ်လုပ်နိုင်ရန် မွေးမြူရေး လုပ်ငန်းရှင်များနှင့် ညှိနှိုင်း လုပ်ဆောင်နေကြောင်း သိရသည်။

မြန်မာ့ပင်လယ်ပြင်၌ လိုင်စင်မဲ့ငါးဖမ်း ဆီးနေမှုများကို ၂ဝ၁၄-၂ဝ၁၅ ဘဏ္ဍာနှစ်မှ ၂ဝ၁၆-၂ဝ၁၇ ဘဏ္ဍာနှစ်အထိ ငါးဖမ်းယာဉ် အစင်းရေ ၇၄ စင်း ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger