www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, July 13, 2017

မက်ဂရီဂေါနှင့် စိန်ခေါ် ပွဲထိုးသတ်ပြီးပါက လက်ဝှေ့လောကကို အပြီးသတ်ကျောခိုင်းမည်ဟု မေဝယ်သာ ပြောကြား



ဝါရှင်တန် ၁၃-၇-၂၀၁၇

ဝယ်သာဝိတ်တန်းတွင် ရှုံးပွဲမရှိစံချိန်ဖြင့် လက်ဝှေ့လောကမှ အနားယူထားသော မေဝယ်သာသည် UFC ဖိုက်တာမက်ဂရီဂေါနှင့် လူမှုကွန်ရက်တွင် စိန်ခေါ်မှုများ ပြုလုပ်ခဲ့ပြီးနောက် လက်ဝှေ့လောကတွင် ထိပ်တိုက်ရင်ဆိုင်ရန် အနားယူခဲ့ရာမှ လက်ဝှေ့လောကသို့ ပြန်လည်ခြေချ ခဲ့သည်။

မေဝယ်သာသည် မက်ဂရီဂေါနှင့် လာမည့် သြဂုတ် ၂၆ ရက်တွင် အမေရိကန်နိုင်ငံ နီဗားဒါးပြည်နယ် T-Mobile အားကစားခန်းမ၌ ဝယ်သာဝိတ်တန်း စိန်ခေါ်ပွဲ ထိုးသတ်မည် ဖြစ်သည်။

၎င်းသည် ယင်းစိန်ခေါ်ပွဲ ထိုးသတ်ပြီးပါက လက်ဝှေ့လောကကို အပြီးသတ် ကျောခိုင်းမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

အသက် ၄ဝနှစ်ရှိ အမေရိကန် ဂန္ထဝင်လက်ဝှေ့သမား မေဝယ်သာက ''ကျွန်တော့်ရဲ့ အသက်အရွယ်က ၂၁၊၂၂နှစ် အရွယ် မဟုတ်တော့ပါဘူး။ ကျွန်တော်ကိုယ်တိုင်ကလဲ လွန်ခဲ့တဲ့ ၁ဝနှစ်လောက်ကလို ထိုးသတ်နိုင်တဲ့ လက်ဝှေ့ သမားတစ်ယောက် မဟုတ်တော့ပါဘူး။ လေ့ကျင့်ခန်း အစီစဉ်တွေမှာ စိတ်သွားတိုင်း ကိုယ်မပါတော့သလို လေ့ကျင့်ခန်း ဆင်းရတာကိုလဲ စိတ်ပျက်မိတဲ့ ခံစားချက်မျိုး ခံစားနေရပါတယ်''ဟု ပြောကြားခဲ့သည်။

၎င်းသည် လက်ဝှေ့လောကို ၄၉ ပွဲရှုံးပွဲမရှိစံချိန်ဖြင့် အနားယူခဲ့ သူဖြစ်ပြီး ပွဲ ၅ဝရှုံးပွဲမရှိ စံချိန်ကို ရယူလိုသည့်အတွက် မက်ဂရီဂေါကို ရင်ဆိုင်ခဲ့ခြင်းဖြစ်ပြီး မက်ဂရီဂေါနှင့် ထိုးသတ်ခဲ့ပါက အမေရိကန် ဒေါ်လာသန်း ၁ဝဝခန့်ထိခံစားခွင့်ရမည် ဖြစ်သောကြောင့် လက်ဝှေ့လောကကို ပြန်လည်ခြေချ ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

#Yadanarpondaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger