www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, July 13, 2017

ညောင်လေးပင်မြို့နယ် နတ်ကတော်ခင်ကျေးရွာတွင် ဆောက်လက်စ နေအိမ်အတွင်းမှ တရားမ၀င်ကျွန်းတံခါးချပ်များ ဖမ်းမိ




ညောင်လေးပင် ၁၃-၇-၂၀၁၇

ပဲခူးတိုင်းဒေသကြီး ညောင်လေးပင်မြို့နယ် ထိန်တပင်ကျေးရွာ အုပ်စု နတ်ကတော်ခင်ကျေးရွာရှိ ဆောက်လက်စ နေအိမ်အတွင်း မှ တရားမဝင်ကျွန်းတံခါးချပ်များ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

မြို့နယ်သစ်တောဦးစီးမှူး ဦးတင်စိုးနှင့် သစ်တောဝန်ထမ်း များသည် ဇူလိုင် ၁၁ရက် မွန်းလွဲ ၁၂နာရီ မိနစ် ၃ဝက ပိန်းဇလုပ် နယ်မြေရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များ၊ ပိန်းဇလုပ်မြို့အုပ်ချုပ်ရေးမှူး ဦးစတီးဘိုဘိုနှင့် ကျေးရွာအုပ်ချုပ်
ရေးမှူးတို့နှင့်အတူ သတင်းအရ နတ်ကတော်ခင်ကျေးရွာ နေဦးသိန်းဌေး (ဘ) ဦးပန်းအောင်နေအိမ်သို့ ဝင်ရောက်ရှာဖွေရာ ဆောက်လက်စ နေအိမ်တိုက်အတွင်း ကျွန်းတံခါး ရွက်အရွယ်စုံ ၂၅ချပ်၊ ကျွန်းခွဲသား စရွေးဖောက်ပြီး အရွယ်စုံ ၇၄ချောင်း သုည ဒသမ၅၇၇၆တန်၊ ကာလတန်ဖိုးငွေကျပ် ၃၄၆၅၆ဝနှင့် တံခါးရွက်အရွယ်စုံ ၁ဝချပ် သုညဒသမ ၁၆၇၂တန်ကာလ တန်ဖိုးငွေကျပ်၂၅ဝ၈ဝတို့ကို ရှာဖွေသိမ်းဆည်း ရမိခဲ့သည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ ဦးသိန်းဌေးကို မြို့နယ်သစ်တောဦးစီးဌာနမှူး ဦးတင်စိုးက သစ်တောဥပဒေ ပုဒ်မ-၃၃(က)(၁)/၃၃(က)(၂)ဖြင့် စစ်ဆေးဆောင်ရွက် သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

#Yadanarpondaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger