www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, July 10, 2017

လုံခြုံရေးတပ်ဖွဲ့ဝင်များအား လက်နက်ကိုင် အကြမ်းဖက်သမားများက တိုက်ခိုက်၊လက်နက်ကိုင် အကြမ်းဖက်သမား အလောင်းနှစ်လောင်း၊ အရှင်တစ်ဦးနှင့် နှောက်ယှက်ဟန့်တားသူ တစ်ဦးဖမ်းဆီးရမိ


သိမ်းဆည်းရမိ လက်နက် များနှင့် ဆက်စပ်ပစ္စည်းများကို တွေ့ရစဉ်။


နေပြည်တော် ၁၀-၇-၂၀၁၇

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်၊ တင်းမေကျေးရွာ၌ လက်နက်ကိုင် အကြမ်းဖက်သမားများက လှည့်ကင်းဆောင်ရွက်နေသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များအား လက်နက်ငယ်ဖြင့် ပစ်ခတ်၍ မိုင်းခွဲတိုက်ခိုက် သဖြင့်ပြန်လည် ပစ်ခတ်ရှင်းလင်းရာ အကြမ်းဖက်သမား အလောင်းနှစ်လောင်း၊ အရှင်တစ်ဦးနှင့် နှောက်ယှက်ဟန့်တားသူတစ်ဦး ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

လုံခြုံရေးတပ်ဖွဲ့ဝင်များသည် ယနေ့နံနက်ပိုင်းတွင် ဘူးသီးတောင်မြို့နယ်၊ တင်းမေကျေးရွာအုပ်စုနှင့် အနီးတစ်ဝိုက် လှည့်ကင်းဆောင်ရွက်စဉ် နံနက် ၁၁ နာရီခန့်တွင် တင်းမေကျေးရွာရှိ ဖွေယော့အစ္စလာမ်၏ နေအိမ်အတွင်းမှ လက်နက်ငယ်ဖြင့် အတွဲလိုက် အချက် ၂၀ ခန့်ပစ်ခတ်သဖြင့် လုံခြုံရေး တပ်ဖွဲ့ဝင်များက ပိတ်ဆို့၍ လက်နက်ငယ်ဖြင့် ပြန်လည်ပစ်ခတ်ခဲ့ကြောင်း၊ ထို့နောက်နေအိမ်အတွင်းရှိ အကြမ်းဖက်သမားများက မိုင်း ၁ လုံးဖောက်ခွဲ၍ ထပ်မံတိုက်ခိုက်သဖြင့် နေအိမ်အားရှင်းလင်းရာ နေအိမ်အတွင်းမှ ပြေးထွက်လာသည့် လက်နက်ကိုင် အကြမ်းဖက်သမား ၃ ဦးအား ပစ်ခတ်ဖမ်းဆီးခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်တွင် လက်နက်ကိုင်အကြမ်းဖက်သမား အလောင်း ၂ လောင်းရရှိပြီး အကြမ်းဖက်သမား ဖွေယော့အစ္စလာမ်နှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအား နှောက်ယှက်ဟန့်တားသူ ဇာဘဲရ်တို့အား ဖမ်းဆီးရမိခဲ့ကြောင်း၊ နေအိမ်အား ဆက်လက်ရှင်းလင်းရာ မီးလောင်ကျွမ်းထားသော ဘီအေ ၉၄ သေနတ် ၁ လက်၊ ၎င်းကျည်အိမ် ၂ ခု၊ ၎င်းကျည်ခွံ ၆ ခု၊ လုပ်သေနတ် ၁ လက်၊ အသက်သွင်းထားသော အဝေးထိန်းစနစ် မိုင်း ၁ လုံး၊ လက်လုပ်မိုင်းပြုလုပ်ရန် ပြင်ဆင်ထားသည့် အချင်း ၄ လက်မ၊ အလျား ၈ လက်မ တစ်ဖက်ပိတ် ကားပစ်စတင်(Piston) ၁ ခု၊ အချင်း ၅ လက်မ၊ အလျား ၈ လက်မရှိ တစ်ဖက်ပိတ်ကားပစ်စတင် (Piston) ၁ ခု၊ ဒီတိုနေတာ(Detonator) ၈ ခု၊ သေဆုံးသူ၏ ခါးပတ်ပိုက်ဆံအိတ်အတွင်းမှ ဘင်္ဂလားဒေရှ့်တာကာ ငွေ တစ်ထောင်တန် ၁ ရွက်၊ တစ်ဆယ်တန် ၅ ရွက်၊ နှစ်ဆယ်တန် ၇ ရွက်၊ Symphony ဖုန်း ၁ လုံး၊ မီးလောင်ကျွမ်းထားသည့် စကားပြောစက် ၄ လုံး၊ အားသွင်းခုံ၊ ကြိုး၊ ဘက်ထရီသုံးမရ ၃ ခု၊ ဓာတ်ခဲခြောက် ၄ ခု၊ ဓားရှည် ၆ ချောင်း၊ မောင်းချဓား ၄ ချောင်း၊ ဓားမ ၁ လက်တို့အား သိမ်းဆည်းရမိခဲ့ကြောင်း သိရှိရသည်။ သိမ်းဆည်းရရှိသည့် ဘီအေ ၉၄ သေနတ် ၁ လက်သည် ၂၀၁၆ ခုနှစ်၊ အောက်တိုဘာ ၉ ရက်က ကျီးကန်းပြင် အကြမ်းဖက်ပစ်ခတ်တိုက်ခိုက်မှု ဖြစ်စဉ်တွင်ပါသွားသည့် လက်နက်ဖြစ်ကြောင်း၊ အကြမ်းဖက်သမားများထံသို့ ပါသွားခဲသည့် လက်နက် ၆၅ လက်အနက် ယနေ့အထိ ၂၇ လက်ရရှိပြီးဖြစ်ရာ ၃၈ လက်ကျန်ရှိကြောင်းနှင့် သေဆုံးသူအကြမ်းဖက်သမား အလောင်းများအား ရွာသားများဖြင့် စိစစ်ခဲ့ရာ ဒေသခံမဟုတ်ဘဲ မျက်နှာစိမ်းများဖြစ်ကြောင်း သိရှိရသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ ဖမ်းဆီးရမိအကြမ်းဖက်သမား၏ ထွက်ဆိုချက်အရ တပ်မတော်နှင့် နယ်ခြားစောင့် ရဲတပ်ဖွဲ့တို့ပါဝင်သော ပူးပေါင်းအဖွဲ့သည် တင်းမေကျေးရွာနှင့် ပတ်ဝန်းကျင်တစ်လျှောက် နယ်မြေဆက်လက် ရှင်းလင်းလျက်ရှိကြောင်း သတင်းရရှိသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger