www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, July 3, 2017

တိုင်းရင်းဆေးပညာကဏ္ဍဖွံ့ ဖြိုးတိုးတက်ရေးနှင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီး အဆင့်မြှင့်တင်နိုင်ရေး ဆွေးနွေး



ရန်ကုန် ၃-၇-၂၀၁၇

တိုင်းရင်းဆေး ပညာရပ်ဆိုင်ရာ အကြံပေးအဖွဲ့ ပထမအကြိမ်ညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက် ၉ နာရီတွင် ရန်ကုန်ပြည်သူ့ ဆေးရုံကြီး Training Centre ၌ ကျင်းပသည်။

ရှေးဦးစွာ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက တိုင်းရင်းဆေး ပညာလောကဖွံ့ဖြိုး တိုးတက်ရေးနှင့် ပြည်သူများအနေဖြင့် အစွမ်းအာနိသင် ထက်မြက်ပြီး အန္တရာယ်ကင်းသော တိုင်းရင်းဆေးဝါးများ သုံးစွဲနိုင်ရေးအတွက် ဘက်ပေါင်းစုံသုံးသပ် အကြံပေးနိုင်ရန် အကြံပေးအဖွဲ့ကို ဖွဲ့စည်းခဲ့ခြင်း ဖြစ်ကြောင်း။ တိုင်းရင်းဆေး ပညာရပ်တိုးတက်ရေး အတွက်သုတေသန လုပ်ငန်းများ မဖြစ်မနေ ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ တိုင်းရင်းဆေးသုတေသနများ ပြုလုပ်မည်ဆိုပါက ၀န်ကြီးဌာနမှလည်း ရန်ပုံငွေများပံ့ပိုး ပေးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် တိုင်းရင်းဆေးပညာရပ် ဆိုင်ရာအကြံပေး အဖွဲ့ဥက္ကဋ္ဌနှင့် အကြံပေးအဖွဲ့ဝင်များ၊ တာဝန်ရှိသူများက အကြံပြုဆွေးနွေးကြရာ ပြည်ထောင်စုဝန်ကြီးက ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။ အဆိုပါ တိုင်းရင်းဆေး ပညာရပ်ဆိုင်ရာ အကြံပေးအဖွဲ့ကို ၂၀၁၇ ခုနှစ် ဇွန် ၉ရက်က ဖွဲ့စည်းပေးခဲ့ခြင်း ဖြစ်သည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် UK နိုင်ငံမှ Minister of State for International Development and Minister of State for the Middle East at the Foreign & Common Health Office Mr. Alistair Burt ဦးဆောင်သော အဖွဲ့နှင့်အတူ ရန်ကုန်ပြည်သူ့ ဆေးရုံကြီး၏ အထွေထွေရောဂါ ဆေးကုသဆောင်၊ ဆီးချိုနှင့်ဟော်မုန်းရောဂါ အထူးကုသဆောင်၊ အရိုးနှင့်ထိခိုက်ဒဏ်ရာ ကုသဆောင်၊ ဓာတ်မှန်ဌာန၊ အရေးပေါ်နှင့် ပြင်ပလူနာ ဌာနတို့အား ကြည့်ရှုပြီး ရန်ကုန်ပြည်သူ့ ဆေးရုံကြီး အဆင့်မြှင့်တင်နိုင်ရေး အတွက်ပူးပေါင်း ဆောင်ရွက်မည့် အစီအစဉ်များကို ဆွေးနွေးကြသည်။

ပြည်ထောင်စု ၀န်ကြီးသည် ဇူလိုင် ၁ ရက်ညပိုင်းက Chatrium Hotel ၌ပြုလုပ်သည့် အပြည်ပြည်ဆိုင်ရာ ကုလသမဂ္ဂ လက်အောက်ခံ အဖွဲ့အစည်းများမှ ဌာနေကိုယ်စားလှယ်များ၊ G to G အဖွဲ့ဝင် ကိုယ်စားလှယ်များအား တွေ့ဆုံသည့် ညစာစားပွဲသို့ တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger