www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, July 3, 2017

မန္တလေးမြို့အတွင်း အများပိုင်ယာဉ်အသင်းများ တိုးလာရေး ပုဂ္ဂလိကလုပ်ငန်းရှင်များနှင့်ပါ ပူးပေါင်းရန်လိုဟုဆို



မန္တလေး ၃-၇-၂၀၁၇

မန္တလေးမြို့အတွင်း အများပိုင်ယာဉ်အသင်းများ တိုးလာရေး ကားကုမ္ပဏီများအပြင် ပုဂ္ဂလိကလုပ်ငန်းရှင်များ နှင့်ပါ ပူးပေါင်းဆောင်ရွက်ရန် လိုကြောင်းမန္တလေး တိုင်းဒေသကြီး လုပ်ငန်းလိုင်စင်နှင့် သယ်ယူပို့ဆောင်ရေးကြီးကြပ် ညှိနှိုင်းမှုဌာနမှ တိုင်းဒေသကြီး ဦးစီးမှူး ဦးမြတ်ထွန်းကျော်က ပြောပြသည်။

မန္တလေးမြို့တွင် ယခင်က မြို့တွင်း၌ လိုင်းကားများကို အဓိကအားထားကာ အသုံးပြုခဲ့ကြသော်လည်း ယခုလက်ရှိတွင် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုများ ရှိလာခဲ့သည့်အတွက် ဆိုင်ကယ်နှင့်ကားများ ဈေးကွက်အတွင်း ဝင်ရောက်လာ မှုကြောင့် လိုင်းကားအသုံးပြုသူ ဦးရေမှာ ယခင်ကကဲ့သို့ မများတော့ဘဲ အနည်းငယ်လျော့ကျ လာခဲ့ကြောင်း သိရသည်။

ထို့ပြင်မြို့တွင်းရှိ ယာဉ်လိုင်းများကို အသုံးပြုသူဦးရေ ယခင်နှစ်များက အတိုင်း ပြန်လည်တိုးတက် များပြားလာ စေရေးအတွက် ယခင်ကတည်းက ပြေးဆွဲပေးနေသည့် ဒိုင်နာ၊ လိုက်ထရပ်ယာဉ်များ အစား MINI Bus City Bus များဖြင့် အစားထိုးပြောင်းလဲ ပြေးဆွဲရန် လိုအပ်ကြောင်း၊ ထို့ပြင် မန္တလေးမြို့တွင် အများပိုင်ယာဉ်အသင်းများ တိုးတက်များပြား လာစေရေးအတွက် ရင်နှီးမြှုပ်နှံမည့်လုပ်ငန်းရှင် များဖြစ်သည့် ကားကုမ္ပဏီများအပြင် ပုဂ္ဂလိကလုပ်ငန်း ရှင်များနှင့်ပါ ပူးပေါင်းဆောင်ရွက်သွားရန် လိုအပ်ကြောင်း သိရသည်။ ''အခုလက်ရှိ သွားနေတာက ဈေးကွက်စီးပွားရေး စနစ်ဖြစ်တယ်။

မြို့တွင်းမှာပြေးဆွဲနေတဲ့ ယာဉ်အသင်းတွေအနေနဲ့ ဈေးကွက်ချဲ့ထွင်မှုတွေ လုပ်မယ်ဆိုရင်တော့ အားလုံးပြောင်းလဲပစ်ရမယ်။ အဓိကကတော့ လိုက်ပါစီးနင်းကြတဲ့ ခရီးသွားပြည်သူတွေကို ဝန်ဆောင်မှု ပေးတဲ့အပိုင်းက အဓိကကျတဲ့ အခန်း ကဏ္ဍတစ်ခုအနေနဲ့ ပါဝင်နေတယ်''ဟု ၎င်းကပြောပြသည်။

ယခုလက်ရှိအချိန်တွင် မန္တလေးမြို့တွင်း၌ သွားလာရေးကဏ္ဍတွင် ယာဉ်အသင်းပေါင်း ၂၇သင်း၊ ယာဉ်အစီးရေပေါင်း ၇၅၈စီးရှိကာ တစ်ရက်လျှင် ပျှမ်းမျှအစီးရေ ၃၅ဝပြေးဆွဲ ပေးနေကြောင်း၊ ၎င်းအစီးရေဖြင့် ယာဉ်လမ်းကြောင်း လိုင်းခွဲပေါင်း ၃၉ လိုင်း ဖြန့်ကြက်ပြေးဆွဲ ပေးနေကြောင်း သိရသည်။

မန္တလေးမြို့တွင်း လမ်းကြောင်းများသို့ ပြေးဆွဲရန် ပုဂ္ဂလိကလုပ်ငန်းရှင် များအပြင် အခြားရင်းနှီးမြှုပ်နှံမှု လုပ်ကိုင်မည့် လုပ်ငန်းရှင်များ အနေဖြင့် စိတ်ပါဝင်စားမှုရှိပါက သက်ဆိုင်ရာဌာနများသို့ လိုင်စင်လာရောက် လျှောက်ထား နိုင်သည့်အပြင် ပြေးဆွဲမည့် လမ်းကြောင်းကို ပြေးဆွဲပေးရန် သင့်၊ မသင့် ဆုံးဖြတ်ပြီးမှသာ ပြေးဆွဲခွင့်ပြု ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

#Yadanarpondaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger