www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, June 23, 2017

နေပြည်တော်တိုင်းစစ်ဌာနချုပ်၏ ပထမအကြိမ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲပြုလုပ်၊ စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များအား တွေ့ဆုံ


နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ်မြင့်မော် ပုဗ္ဗသီရိတပ်နယ်၏ ၂ဝ၁၇ ခုနှစ်၊ ပထမအကြိမ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတွင် ကုက္ကိုပင်စိုက်ပျိုးပေးစဉ်။

နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်မြင့်မော် စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များနှင့် မိသားစုများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်စဉ်။

နေပြည်တော် ၂၃-၆-၂၀၁၇

နေပြည်တော်တိုင်းစစ်ဌာနချုပ်၊ ပုဗ္ဗသီရိတပ်နယ်၏ ၂၀၁၇ ခုနှစ်၊ ပထမအကြိမ် မိုးရာသီသစ်ပင် စိုက်ပျိုးပွဲကို ယနေ့နံနက်ပိုင်းတွင် ပုဗ္ဗသီရိမြို့နယ်၊ န၀ဒေးရပ်ကွက်ရှိ အဆင့်မြင့် စစ်မှုထမ်းဟောင်းအိမ်ရာ(နေပြည်တော် အနီး၌ ပြုလုပ်ရာ တိုင်းမှူးဗိုလ်ချုပ်မြင့်မော်နှင့် အရာရှိ၊ စစ်သည်၊မိသားစုများ၊ ပျဉ်းမနား၊လယ်ဝေးနှင့် တပ်ကုန်းမြို့နယ်တို့မှ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များ တက်ရောက်ကြပြီး အရိပ်ရလေကာပင် ကုက္ကိုပင် ၅၈၀ ပင်ကို စုပေါင်းစိုက်ပျိုး ကြသည်။

အလားတူ တိုင်းစစ်ဌာနချုပ်ကွပ်ကဲမှုအောက် တပ်ရင်း/တပ်ဖွဲ့များတွင်လည်း ပထမအကြိမ် မိုးရာသီစုပေါင်း သစ်ပင်စိုက်ပျိုးခြင်းကို တစ်ပြိုင်တည်းပြုလုပ်ကြရာ အရာရှိ၊စစ်သည်၊ မိသားစုများက စက်မှုကုန်ကြမ်း သီးနှံပင်၊ ရတနာ တန်းဝင်ပင်၊ နှစ်ရှည်စားသုံးပင်နှင့် အရိပ်ရလေကာပင် စုစုပေါင်း ၁၈၂၃၄ ပင်ကို စုပေါင်းစိုက်ပျိုး ခဲ့ကြသည်။

ထို့နောက် တိုင်းမှူးနှင့်အဖွဲ့ဝင်များသည် နေပြည်တော်ကောင်စီ နယ်မြေအတွင်းရှိ စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များနှင့် မိသားစုများအား အဆင့်မြင့် စစ်မှုထမ်းဟောင်းအိမ်ရာ (နေပြည်တော်) ၌ သွားရောက် တွေ့ဆုံသည်။ဦးစွာတိုင်းမှူးက အမှာစကားပြောကြားပြီး တင်ပြချက်များအပေါ် ညှိနှိုင်းဆောင်ရွက်ပေးကာ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များနှင့် အဆင့်မြင့်စစ်မှုထမ်းဟောင်း အိမ်ရာနေ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များ၏ မိသားစုများအတွက် စားသောက်ဖွယ်ရာများ ပေးအပ်သည်။

ထို့နောက် တိုင်းမှူးနှင့် အဖွဲ့ဝင်များသည် အဆင့်မြင့်စစ်မှုထမ်းဟောင်း အိမ်ရာနေ မိသားစုများအား ရင်းရင်းနှီးနှီးလိုက်လံ နှုတ်ဆက်ပြီး ဆောက်လုပ်ဆဲဖြစ်သည့် တည်ဆောက်ရေးလုပ်ငန်း များအား လှည့်လည်ကြည့်ရှု စစ်ဆေး ကာလိုအပ်သည်များ ညှိနှိုင်းဆောင်ရွက် ပေးသည်။

အဆိုပါအိမ်ရာ၌ အရာရှိငယ်နေအိမ်တစ်လုံး၊ အခြားအဆင့်နေအိမ် လေးလုံးဆောက်လုပ်ဆဲ ဖြစ်ပြီးအရာရှိငယ် နေအိမ်လေးလုံးနှင့် အခြားအဆင့်နေအိမ် ငါးလုံးတို့ကို ဆက်လက်ဆောက်လုပ် သွားမည်ဖြစ်ကြောင်း သတင်း ရရှိသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger