www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, June 23, 2017

မိုင်းဖြတ်မြို့နယ်အတွင်း လက်နက်/ခဲယမ်း သယ်ဆောင်လာသူများအား ဖမ်းဆီးရမိ


သိမ်းဆည်းရမိ လက်နက်/ခဲယမ်းများကိုတွေ့ရစဉ်။

လက်နက်/ ခဲယမ်းများနှင့် အတူဖမ်းဆီးရမိ သူများကို တွေ့ရစဉ်။

နေပြည်တော် ၂၃-၆-၂၀၁၇

ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ မိုင်းဖြတ်မြို့နယ်ရှိ မယ်ယန်းစစ်ဆေးရေးဂိတ်၌ တပ်မတော်သားများနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့သည် မော်တော်ယာဉ်များအား စစ်ဆေးစဉ် ယနေ့နံနက် ၉ နာရီခန့်တွင် တာချီလိတ်ဘက်မှ မိုင်းဖြတ်ဘက်သို့ မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်နှစ်စီးအား စစ်ဆေးရန်ရပ်တန့်စေရာ ရပ်တန့်ခြင်းမရှိဘဲ မောင်းနှင်ထွက်ပြေး သွားခဲ့သည်။

အဆိုပါမော်တော်ဆိုင်ကယ် နှစ်စီးအားပူးပေါင်း အဖွဲ့ကလိုက်လံ ဖမ်းဆီးခဲ့ရာ နံနက် ၁၀ နာရီခွဲတွင် မိုင်းဖြတ်မြို့ အခြေခံပညာအထက်တန်း ကျောင်းရှေ့၌ ဖမ်းဆီးရမိခဲ့သည်။

ဖမ်းဆီးရမိသည့် လော်အဲ (ဘ) ဦးလော်မူးနှင့် လော်ဖာ (ဘ) ဦးလော်ဂေးတို့၏ မော်တော်ဆိုင်ကယ်များအား စစ်ဆေးရာ လော်အဲ၏ မော်တော်ဆိုင်ကယ်အင်ဂျင် အထက်ကာဗာအတွင်းမှ ပစ္စတိုနှစ်လက်၊ ကျည်အိမ်နှစ်ခု၊ ကျည် ၃၀ တောင့်၊ ထိုင်းဘတ်ငွေလေးသိန်း တို့နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။

အဆိုပါလက်နက်/ခဲယမ်းများ နှင့်အတူ ဖမ်းဆီးရမိသူများအား မိုင်းဖြတ်မြို့မရဲစခန်း၌ တရားဥပဒေအရ အမှုဖွင့်အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger