အင်းတော် ၂၁-၆-၂၀၁၇
မန္တလေး-မြစ်ကြီးနား ရထားလမ်းပိုင်းရှိ အင်းတော်မြို့နယ် မဲဇာဘူတာမှ မော်လူး ဘူတာအထိ ရထားလမ်းပိုင်းကို ကိုးချောင်းဆက် သံလမ်းဖြင့် ဇွန်လအတွင်း စတင်ပြုပြင်နေကြောင်း မြန်မာ့မီးရထားမှ အငယ်တန်း အင်ဂျင်နီယာ(၁) သံလမ်း ဦးကျော်အေးထံမှ သိရသည်။
ယင်းသံလမ်းကို ကိုးချောင်းဆက်သည့်အတွက် သံလမ်းတစ်မိုင်လျှင် ၃၁ ဆက်သာရှိပြီး သံလမ်းအဆက်ရေနည်း သွားပြီးရထား၏ ခုန်ဆောင့်မှုများ သက်သာသွားမည် ဖြစ်သည်။ခရီးသည်များ သက်သောင့်သက်သာ စီးနိုင်မည်ဖြစ် ကြောင်း၊ အင်းတော်မြို့နယ်တွင် မဲဇာဘူတာနှင့် ဆည်ရွာဘူတာကြား ၅၇၅/၁ဝမှ နန့်စီးအောင် ၆၁၁/၂ဝ အထိမှာ ၃၆ ဒသမ ၃၇ မိုင်လျာထားသော်လည်း လက်ရှိခွင့်ပြုထားသည်မှာ မော်လူးဘူတာအထိ ၂၅ မိုင်သာခွင့်ပြု ထားသည်။
မန္တလေး-မြစ်ကြီးနား လမ်းပိုင်းသည် မိုးတွင်းကာလတွင် မကြာခဏ ရထားဘီးချော်ခြင်းကြောင့် ခရီးသည်များ အချိန်ကြာမြင့်စွာ စီးနင်းရသည့်အတွက် ရထားတွဲခုန်ဆောင့်ခြင်း၊ ရမ်းခါခြင်းတို့ကြောင့် ရထားစီးခရီးသည်များ အခက် အခဲတွေ့ကြုံ နေရသည်။ လက်ရှိတွင် အင်းတော်မြို့နယ် မဲဇာဘူတာမှ မော်လူးဘူတာအထိ ၂၅ မိုင်ရှည်လျားသည့် ရထားလမ်းပိုင်း အားပြုပြင်ခြင်း လုပ်ငန်းကို ဇွန် ၁၇ ရက်မှ စတင်ဆောင်ရွက်ပြီး ပြုပြင်ပြီးချိန်တွင် ရထားဘီး ချော်ခြင်းများ၊ ရထားတွဲခုန် ဆောင့်ခြင်းများ လျော့နည်းသွားမည် ဖြစ်ကြောင်း သိရသည်။
#Themyawadydaily






No comments:
Post a Comment