www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, June 21, 2017

ရွှေကျသင့်အခွန်တန်ဖိုးအတိုင်း ကပ်နှိပ်ထုတ်ပေးမည့် အစီအစဉ် တစ်နိုင်ငံလုံးကျင့်သုံးမည်



ရန်ကုန် ၂၁-၆-၂၀၁၇

ပြည်တွင်းရှိရွှေထည်နှင့် လက်ဝတ်ရတနာ ဝယ်ယူသူများအတွက် ကျသင့်အခွန်နှင့်ညီမျှသည့် တန်ဖိုးအတိုင်း ကပ်နှိပ်ထုတ်ပေးမည့် အစီအစဉ်ကို ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် ဇူလိုင်လမှ စတင်ကျင့်သုံးမည် ဖြစ်ကြောင်း ပြည်တွင်းအခွန်များ ဦးစီးဌာနတာဝန်ရှိသူ တစ်ဦးထံမှ သိရသည်။

အဆိုပါရွှေထည်နှင့် လက်ဝတ်ရတနာများ ဝယ်ယူသူများအတွက် ထုတ်ပေးမည့်ပြေစာတွင် ကျသင့်အခွန်နှင့် ညီမျှသည့် တန်ဖိုးအတိုင်း ကပ်နှိပ်ထုတ်ပေးစေခြင်း အစီအစဉ်ကို ပြည်တွင်းအခွန်များ ဦးစီးဌာနမှ စတင်ကျင့်သုံးနေပြီး လက်ရှိတွင်ရန်ကုန်နှင့် မန္တလေးတိုင်းဒေ သကြီးတို့၌ ဇွန် ၁ ရက်မှ စတင်ကျင့်သုံးနေကြောင်း၊ ရွှေထည်နှင့်လက်ဝတ် ရတနာများ ရောင်းချသူလုပ်ငန်းရှင်များ အနေဖြင့် ပြည်တွင်းအခွန်များ ဦးစီးဌာနကိုယ်စားကုန်သွယ်လုပ်ငန်းခွန် ကောက်ခံပေးခြင်းအတွက် ရှင်းလင်းလွယ်ကူစွာ ဆောင်ရွက်နိုင်ရန် ကုန်သွယ်လုပ်ငန်းခွန် အမှတ်တံဆိပ် Commercial Tax Stamp Label အား လုပ်ဆောင်ခြင်းဖြစ်ကြောင်း သိရသည်။

ထို့ပြင်ရွှေထည်များနှင့် ကျောက်မျက် အထည်များအတွက်ပါ အခွန်ကောက် ပေးမည်ဖြစ်ပြီး တံဆိပ်ခေါင်းကပ်ပေး မည်ဖြစ်ကာ ပြည်တွင်း အခွန်များ ဦးစီးဌာန အနေဖြင့် ရွှေတံဆိပ်ခေါင်းနှင့် ကျောက်မျက်အတွက် တံဆိပ်ခေါင်းမှာ တူညီမှုရှိမည် ဖြစ်ကြောင်း၊ ထို့ပြင် ရွှေထည်ပစ္စည်း ဝယ်ယူသူများအား ဝယ်ယူမည့် တန်ဖိုးပေါ်တွင် ကုန်သွယ်ခွန် ၁ ရာခိုင်နှုန်း ကောက်ခံလျက်ရှိရာ ထိုရွှေထည်တွင် ကျောက်မျက်ရတနာ ပါဝင်ပါက ကျောက်မျက်ရတနာအတွက် ကုန်သွယ်ခွန် ၅ ရာခိုင်နှုန်း ပေးဆောင်ရမည် ဖြစ်ကြောင်း၊ယင်းအတွက် ဝယ်ယူသူများအနေဖြင့် ကျောက်မျက်ထည်ဝယ် ယူရာတွင် ကုန်သွယ်ခွန် မကောက်ယူဘဲ ရွှေထည်အတွက်သာ ကောက်စေချင်သည့် ဆန္ဒများ ရှိနေသည်။

ယခုထုတ်ပြန်ထားချက်တွင် ရွှေနှင့် ကျောက်မျက်ရတနာ ဝယ်ယူသူများအတွက် ရွှေတန်ဖိုး၏ ၁ ရာခိုင်နှုန်း၊ ကျောက် မျက်ရတနာတန်ဖိုး၏ ၅ ရာခိုင်နှုန်းမှာ ကုန်သွယ်လုပ်ငန်းခွန် ကျသင့်မည်ဖြစ်ကြောင်း၊ ယင်းအတွက် ဈေးကွက် အပြောင်းအလဲများ ဖြစ်ပေါ်လာနိုင်ပြီး ကျောက်မျက် ရတနာအတွက် ကောက်ခံမှုအပေါ် လျှော့ချပေးနိုင်ရန် လိုလားနေ ကြောင်း သိရသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger