www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, June 21, 2017

ရန်ကုန်မြို့တွင်း ပြေးဆွဲနေသော ရာသက်ပန်မဟုတ်သည့် အငှားယာဉ်များ နံပါတ်အန်ီမှ အနက်သို့ပြောင်းလဲနိုင်



ရန်ကုန် ၂၁-၆-၂၀၁၇

ရန်ကုန်မြို့တွင်း ပြေးဆွဲလျက်ရှိသော အငှားယာဉ် အစီးရေများပြားနေ၍ ရာသက်ပန်မဟုတ်သော နံပါတ်အနီ အက္ခရာယာဉ်များ အငှားယာဉ်လုပ်ငန်း မလုပ်ဆောင်လိုပါက နံပါတ်အနက်သို့ ပြောင်းလဲနိုင်ကြောင်း ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့ဝင် လျှပ်စစ်၊စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်၏ ပြောကြားချက်အရ သိရသည်။

ရန်ကုန်တိုင်းဒေသကြီး၌ ရာသက်ပန် အငှားယာဉ်များအဖြစ် သတ်မှတ်ထားသည့် AA၊BB၊CC နံပါတ် မော်တော်ယာဉ်အစီး ရေ ၃ဝဝဝဝ နှင့် နံပါတ်အနက်မှ နံပါတ်အနီသို့ ပြောင်းလဲထားသော ရာသက်ပန်မဟုတ်သည့် အငှားယာဉ် အစီးရေ ၃ဝဝဝဝ ရှိကြောင်း သိရသည်။

ရန်ကုန်မြို့၏ ယာဉ်ကြောကျပ်တည်းမှု အကြောင်းရင်းများတွင် တစ်ခုအပါအဝင်ဖြစ်သော အငှားယာဉ် အရေအတွက် များပြားနေခြင်းကို လျှော့ချနိုင်ရန် ယခုကဲ့သို့ လုပ်ဆောင်ခြင်းဖြစ်ကြောင်း သိရသည်။ ''ရာသက်ပန် အငှားယာဉ် မဟုတ်တဲ့ကားတွေ အငှားယာဉ် လုပ်ငန်းမဆောင်ရွက် ချင်တော့ဘူးဆိုရင် နံပါတ်အနီကနေ နံပါတ်အနက်ကို ပြန်ပြောင်းလို့ရပါတယ်။ လက်ရှိအချိန်မှာတော့ အငှားယာဉ်တွေ စနစ်တကျ ပြေးဆွဲနိုင်ဖို့ စီစဉ် ဆောင်ရွက်ပေး နေပါတယ်''ဟု ဒေါ်နီလာကျော်က ပြောသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger