www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, June 20, 2017

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ရုရှားဖက်ဒရေးရှင်းနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံရုံးနှင့် စစ်သံရုံးမိသားစုများအား သွားရောက်တွေ့ဆုံ


တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ရုရှားဖက်ဒရေးရှင်း နိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံရုံး နှင့် စစ်သံရုံးမိသားစုများအား တွေ့ဆုံအမှာစကားပြောကြားစဉ်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သံရုံးမိသားစုများအတွက် လက်ဆောင်ပစ္စည်းများပေးအပ်စဉ်။

နေပြည်တော် ၂၀-၆-၂၀၁၇

ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ ချစ်ကြည်ရေး ခရီးရောက်ရှိနေသည့် တပ်မတော်ကာကွယ် ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ်နှင့် တာဝန်ရှိသူများ၊ မြန်မာ စစ်သံ(ကြည်း၊ ရေ၊ လေ) ဗိုလ်မှူးချုပ် ညွန့်ဆွေတို့လိုက်ပါ၍ ဇွန် ၁၈ ရက် ဒေသစံတော်ချိန် ညနေ ၆ နာရီ ၅ဝ မိနစ် မြန်မာစံတော်ချိန် ည ၁ဝ နာရီ ၂ဝ မိနစ်တွင် ရုရှားဖက်ဒရေးရှင်း နိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံရုံး သို့ရောက်ရှိ ကြရာ သံရုံးယာယီတာဝန်ခံ သံမှူးကြီး ဦးတင်ဇော်နှင့် သံရုံး၊ စစ်သံရုံး မိသားစုများက ကြိုဆိုနှုတ်ဆက်ကြသည်။

ထို့နောက် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က သံရုံး၊ စစ်သံရုံးမှမိသားစုဝင်များအား တွေ့ဆုံအမှာစကား ပြောကြားရာတွင် မြန်မာနိုင်ငံနှင့်ရုရှား ဖက်ဒရေးရှင်းနိုင်ငံ တပ်မတော်နှစ်ရပ်အကြား ဆက်ဆံမှုပိုမိုမြှင့်တင် ဆောင်ရွက် ရေးအတွက် လာရောက်ခြင်းဖြစ်ကြောင်း၊ သမိုင်းအစဉ်အလာအားဖြင့် ဆက်ဆံရေးကောင်းမွန်သည့် နိုင်ငံဖြစ်ကြောင်း၊ မိမိတို့နိုင်ငံပြုပြင်ပြောင်းလဲ မှုများတွင် ရုရှားနိုင်ငံမှ များစွာပါဝင်ကူညီခဲ့ကြောင်း၊ မိမိတို့ဘက်မှလည်းသံတမန် ပိုင်းဆိုင်ရာ ကိစ္စရပ်များတွင် ယခုထက်ပိုမိုတိုးတက် ကောင်းမွန်အောင် ကြိုးစားလုပ်ဆောင် စေလိုကြောင်း၊ သံရုံး၊ စစ်သံရုံးများဖွင့်လှစ်ရသည့် ရည်ရွယ်ချက်မှာ နှစ်နိုင်ငံဆက်ဆံရေးနှင့် မိမိတို့နိုင်ငံ၏ အကျိုးစီးပွားကို ဖော်ဆောင် ပေးနိုင်ရန်ရည်ရွယ် ဖွင့်လှစ်ထားခြင်းဖြစ်ကြောင်း၊ သက်ဆိုင်ရာ ဝန်ကြီးဌာနအလိုက် လုပ်ဆောင်ဖွယ်ရာများကို အချိန်မီတင်ပြရန် လိုအပ်ကြောင်း၊ ကုန်သွယ်မှု မြှင့်တင်ရေးဆိုင်ရာများအတွက် ကြိုးစားဆောင်ရွက် စေလိုကြောင်း မှာကြားသည်။

ယင်းနောက် ရုရှားဖက်ဒရေးရှင်း နိုင်ငံသည် ရာသီဥတုအလွန်အေးသည့် အတွက်မိသားစုများအနေဖြင့် ကျန်းမာရေးဂရုစိုက်ရန် လိုကြောင်း၊ မိမိတို့တာဝန်ထမ်းဆောင် နေချိန်အတွင်း သက်ဆိုင်ရာနိုင်ငံ၏ ဘာသာစကား ကိုလည်း တတ်ကျွမ်းအောင် လေ့လာခြင်းသည် မိမိတို့ကိုယ်တိုင်နှင့် နိုင်ငံတော်အတွက် များစွာအကျိုးရှိကြောင်း၊ မိမိတို့၏လုပ်ငန်းများ အလိုက်မှန်ကန်စွာ ဆောင်ရွက်ရန်နှင့် တစ်ဦးနှင့်တစ်ဦး ညီညီညွတ်ညွတ်ဖြင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပါက လုပ်ငန်းများပိုမို တိုးတက်အောင်မြင်မည် ဖြစ်ကြောင်း၊ အခါအားလျော်စွာကျင်းပ ပြုလုပ်သည့် အခမ်းအနားများအား မြန်မာစိတ်ဓာတ်မွေး၍ ပူးပေါင်းဆောင်ရွက်စေလိုကြောင်း ဖြင့်မှာကြားသည်။

ယင်းနောက် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က သံရုံး၊ စစ်သံရုံးမိသားစုများအတွက် စားသောက်ဖွယ်ရာများ၊ လက်ဆောင်ပစ္စည်းများနှင့် တပ်မတော်အထည်ချုပ် စက်ရုံများမှ ချုပ်လုပ်သည့်အဝတ်အထည် များအားပေးအပ်ရာ သံမှူးကြီး၊ စစ်သံမှူးနှင့် သံရုံး၊ စစ်သံရုံးမိသားစုများက လက်ခံရယူကြသည်။ ထို့နောက် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့် အဖွဲ့ဝင်များအား သံရုံး၊ စစ်သံရုံးမိသားစုများက ညစာဖြင့်တည်ခင်း ဧည့်ခံခဲ့ကြသည်။

ယင်းနောက် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် မော်စကိုမြို့၏ ဖွံ့ဖြိုးတိုးတက်မှု အခြေအနေများအား လှည့်လည်ကြည့်ရှု လေ့လာကြပြီး မြေအောက်ရထားဖြင့် Smolenskaya ဘူတာမှ Ploshchad Revolyutsii ဘူတာသို့ လိုက်ပါစီးနင်းလေ့လာ ခဲ့ကြကြောင်း သတင်းရရှိသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger