www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, June 29, 2017

နယ်စပ်မှ ဆီးရီးယား စစ်တပ်ကို တိုက်ခိုက်ခဲ့သည့် အစ္စရေး



ဘာသာပြန်ဆောင်းပါး

စစ်ပွဲများ ဖြစ်ပွားလေ့ရှိသည့် ဆီးရီးယားနှင့်အစ္စရေးတို့၏ ရန်ပွဲများသည် ဆီးရီးယားပြည်တွင်းစစ် စတင်ခဲ့သည့် အချိန်နှင့် IS တို့ စတင်ပေါ်ပေါက်လာသည့် အချိန်၂ဝ၁၄ ခုနှစ်တွင် အဆုံးသတ်သွားခဲ့သည်ဟု ဆိုနိုင်သည်။

ထိုအချိန်ကတည်းက အစ္စရေးကလည်း ဆီးရီးယားကို ဗုံးကြဲခြင်း၊ ဒုံးကျည်များဖြင့် ပစ်ခတ်ခြင်း မရှိတော့ဘဲ ငြိမ်သက်ခဲ့ပြီး ဂိုလန်ကုန်းမြင့် ဒေသကလည်း ငြိမ်သက်နေခဲ့သည်။ သို့သော် ဇွန် ၂၅ ရက်က ငြိမ်သက်နေသည့် ဂိုလန်ကုန်းမြင့်ဒေသ အနီးတွင်စစ်ပွဲများက ပြန်လည်စတင် လာသည်။

ငြိမ်သက်နေသည့် နယ်စပ်စစ်ပွဲများကို အခွင့်ကောင်းယူပြီး ဆီးရီးယားအစိုးရက သူ့စစ်တပ်အား ဂိုလန်ကုန်းမြင့်နားကို ပို့ထားခဲ့သည်။ တိုက်ပွဲဝင် တင့်ကားများ အပါအဝင် လူအင်အား အသင့်အတင့်ရှိသည့် သူ့စစ်တပ်က ဂိုလန် ကုန်းမြင့်အနီးတွင် လျှို့ဝှက်နေရာယူစေခဲ့ပြီး မည်သည့်ရည်ရွယ်ချက် ကြောင့်စစ်တပ် လာချထားသည် ကိုတော့မသိပေ။ သို့သော်နယ်စပ်ကို အမြဲမပြတ် စောင့်ကြည့်နေသည့် အစ္စရေးတို့ကြောင့် ထိုနေရာသည် ခဏအတွင်း မှာပင်ပြိုလဲ ခဲ့ရသည်။

အစ္စရေးလေကြောင်းက ချက်ချင်းဗုံးကြဲပြီး နယ်ခြားစောင့်တပ်များက ထိုအုပ်စုကိုသုတ်သင် အမြစ်ဖြတ်ခဲ့သည်။ ထိုနေရာသည်ဆီးရီးယား-လက်ဘနွန်နယ်စပ်လည်း ဖြစ်နေ၍ ဆီးရီးယားကိုရော၊ လက်ဘနွန်ကိုရော၊ အစ္စလာမ်မစ် IS တို့ကိုပါ အစ္စရေးတို့က စိုးရိမ်နေရသည့် နေရာဖြစ်သည်။

ထို့ကြောင့် အစ္စရေးတို့ နေ့ညမပြတ် စောင့်ကြည့်နေပြီး ယခုတော့ ငြိမ်သက်နေသည့် ဂိုလန်ကုန်းမြင့်၌ စစ်ပွဲများပြန်လည် စတင်လာပြီ ဖြစ်သည်။ ဆီးရီးယားအစိုးရက ယင်းတိုက်ခိုက်မှုကြောင့် ပြည်သူများ သေဆုံးခဲ့ရသည်ဟု ထုတ်ပြန်ထားပြီး အစ္စရေးကတော့ သူ့နယ်မြေကို အထိခံမည် မဟုတ်ပေ။

ဂိုလန်ကုန်းမြင့်သည် အာရပ်၊အစ္စရေးတို့ နာမည်ကြီး ခြောက်ရက်ကြာ စစ်ပွဲတွင်လက်ဘနွန်ဆီမှ အစ္စရေးတို့ရရှိထားသည့် နေရာဖြစ်သည်။ ထိုနေရာသည် ဟစ်ဇ်ဘိုလာတို့၏ တိုက်ခိုက်မှု ကိုလည်း မကြာခဏခံရသည့် နေရာ လည်းဖြစ်ကာ ဆီးရီးယားအစိုးရတိုင်းက ဟစ်ဇ်ဘိုလာတို့ကို လက်နက်တပ်ဆင် ပေးသည်ဟူ၍ နာမည်ကြီးနေသည်။

အထူးသဖြင့် အာရပ်များနှင့် စစ်ဖြစ်တိုင်း အောင်မြင်ခဲ့သည့် အစ္စရေးကို ဆီးရီးယားက မကျေနပ်ပေ။ ထို့ကြောင့် မြောက်ကိုရီးယား အကူအညီဖြင့်ပင် နျူကလီးယားလက်နက် စက်ရုံကို ဆီးရီးယားတို့ တည်ဆောက်ခဲ့ သေးသည်။ သူတို့အတွေးက အစ္စရေးကို ကမ္ဘာ့မြေပုံပေါ်မှ ဖယ်ရှားပစ်ရေး ဖြစ်သည်။

သို့သော် ရည်ရွယ်ချက်ရှိရှိ တည်ဆောက်ခဲ့သည့် နျူကလီးယားစက်ရုံ သည်လည်း အစ္စရေးတို့၏ လက်ချက်ဖြင့် ၂ဝဝ၇ခုနှစ်တွင်မြေခ ပျက်စီးခဲ့သည်။ လျှို့ဝှက်စစ်ဆင်ရေးဖြင့် မည်သူမျှမသိသည့် နေရာကို လေကြောင်းဖြင့် ဗုံးကြဲ တိုက်ခိုက်ခဲ့သည့် အစ္စရေးတို့၏ ၂ဝ ရာစုနောက်ပိုင်း အာရပ်များကို အောင်နိုင်ခြင်း ဖြစ်သည်။ ဆီးရီးယားနှင့် အစ္စရေးတို့၁၉၄၈၊ ၁၉၄၉၊ ၁၉၆၄၊ ၁၉၆၆၊ ၁၉၆၇၊ ၁၉၇၃၊ ၁၉၈၂၊ ၁၉၈၄၊ ၁၉၇၈၊ ၂ဝဝ၇၊၂ဝ၁ဝ နှင့်၂ဝ၁၁ ခုနှစ် တို့တွင်စစ်ပွဲများ ဖြစ်ခဲ့ပြီး ဖြစ်ခဲ့သမျှအားလုံး လိုလိုပင် ဆီးရီးယားတို့ အရှုံးကြီးရှုံးနိမ့် ခဲ့ရခြင်းသာ ဖြစ်သည်။

၁၉၆၇ ခုနှစ် ခြောက်ရက်ကြာ စစ်ပွဲ၌ ပါဝင်ခဲ့ကြသည့် အီဂျစ်၊ဆော်ဒီနှင့် ဂျော်ဒန်တို့ကလည်း နောက်ပိုင်းတွင် အစ္စရေးနှင့် ပတ်သက်သမျှ လက်ရှောင်နေခဲ့သည်။ သို့သော်သူတို့ထဲမှ ဆီးရီးယားကတော့ ချွန်ထွက်ကာ အစ္စရေးကို အမြဲတမ်း အမှတ်ထားခဲ့ သူဖြစ်သည်။

ယခုတော့ ၁၉၄၇ ခုနှစ်က အရှေ့အလယ်ပိုင်း အင်အားအကြီးဆုံး ထဲမှတစ်နိုင်ငံ ဖြစ်ခဲ့သည့် ဆီးရီးယားသည် သူကိုယ်တိုင်ပြာပုံ ဖြစ်နေပြီဖြစ်သည်။ IS ကိုလည်းတိုက်ရ၊ အမေရိကန် ကျောထောက်နောက်ခံ သူပုန်အုပ်စုကို လည်း တိုက်ရသဖြင့် သမ္မတအာဆတ် ပြုတ်ကျလုနီးပါး ဖြစ်နေသည့် အချိန်မှာပင် ရုရှားကဝင်လာ သောကြောင့်အသက် ဆက်လက်ရှင်သန် နိုင်နေခြင်း ဖြစ်သည်။

ယခုရုရှား အကူအညီဖြင့် IS ကိုရော၊ သူပုန်တို့ကိုပါ ကောင်းမွန်စွာပြန်လည် တိုက်ထုတ်နိုင်ပြီ ဖြစ်သည်။ ဂိုလန်ကုန်းမြင့်နား ရွှေ့လာခဲ့သည့် စစ်စခန်းကလည်း လေ့ကျင့်ရေး စစ်စခန်းတစ်ခု ဖြစ်ပုံရသည်။ အစ္စရေးကို တိုက်ရန် မဟုတ်လျှင်တောင်မှ သူပုန်များကို တိုက်ရန်ဖြစ် ဟန်တူသည်။

သို့သော်ထူးခြားနေသည့် အချက်ကဆီးရီးယား စစ်သားများနှင့် အတူ လက်ဘနွန်စစ်သားများကိုပါ အတူတွေ့ရခြင်း ဖြစ်သည်။ ထိုအချက်က စဉ်းစားစရာ ဖြစ်နေပြီး အစ္စရေး တို့ကလည်း ထိုအတွက်ပင် လက်ဦးမှု ရယူခဲ့ခြင်း ဖြစ်သည်။ကမ္ဘာပေါ်တွင် အကြီးမားဆုံးလူ့ အခွင့်အရေး ချိုးဖောက်မှုထဲမှတစ်ခု အဖြစ်လူသိရှင်ကြား အစ္စရေးဝေဖန်ခံခဲ့ ရသည့်ကိစ္စတစ်ခုမှာ၂ဝ၁ဝ ပြည့်နှစ်အစ္စရေးတို့ နယ်စပ် ကျူးကျော်လာသူများကို နှိမ်နင်းခဲ့သည့်ကိစ္စ ဖြစ်သည်။

၂ဝ၁ဝ ပြည့်နှစ်တွင် လက်ဘနွန်နိုင်ငံသားများ လူအင်အားစုစည်းပြီး ဂိုလန်ကုန်းမြင့် အားဖြတ်ကျော်လာသည်ကို အစ္စရေးနယ်ခြားစောင့်တပ်က လက်နက်အင်အားသုံး ကာဖြိုခွဲခဲ့သည့် ဖြစ်ရပ်ဖြစ်သည်။ 

ဂိုလန်နယ်စပ်မျဉ်း ဖြတ်ကျော်လာသည့် မည်သူ့ကိုမဆို အစ္စရေးတို့ ပစ်သတ်၊ကားဖြင့်တိုက် သတ်ခဲ့သည့် ဗီဒီယိုဖိုင်က ထွက်ပေါ်လာခဲ့ သောကြောင့် ဖြစ်သည်။

ထိုအတွက် အစ္စရေးသည် ကုလသမဂ္ဂ၏ အကြီးအကျယ်ဝေဖန်မှု ကိုခံခဲ့ရပြီး အစ္စရေးတို့ပေးသည့် ဆင်ခြေကတော့ သူ့နိုင်ငံအချုပ်အခြာ အာဏာကို ကျူးကျော်လာသည့်အတွက် ဟုသာဖြစ်သည်။

ကမ္ဘာပေါ်တွင် ကုလသမဂ္ဂ၏ ဖိအားမပေးနိုင်ဆုံး နိုင်ငံများကို ပြပါဆိုလျှင် အကောင်သေးသည့် အစ္စရေးကလည်း ထိပ်ဆုံးမှပါမည် ဖြစ်သည်။ မည်မျှပင် ကုလသမဂ္ဂနှင့် နိုင်ငံတကာက ဝေဖန်ဝေဖန် အစ္စရေးကတော့ သူလုပ်ချင် သည့်အရာများကို မည်သူ့ကိုမျှ ဂရုမစိုက်ဘဲ လုပ်နေသည်ချည်း သာဖြစ်သည်။

အကယ်၍ ကုလသမဂ္ဂပြောသည့် လူ့အခွင့်အရေးဆိုသည့် အရာကြီးကို အစ္စရေးတို့ လိုက်နာနေမည် ဆိုလျှင်ယခုအချိန်တွင် အစ္စရေးဆိုသည့် နိုင်ငံတစ်နိုင်ငံ ကမ္ဘာမြေကြီးပေါ်တွင် တည်ရှိနေလိမ့်မည် မဟုတ်ဟုပင် အစ္စရေးတို့ ကဆိုကြသည်။

ဘေးပတ်လည်တွင် အစ္စရေးကို အမြစ်ဖြုတ်ချင်သည့် အာရပ်များက ဝိုင်းနေသောကြောင့် ဖြစ်သည်။အစ္စရေးတို့ အာရပ်ကမ္ဘာတွင် လက်မထောင်ပြီး မည်သူ့မျှဂရုမစိုက်ဘဲ နေနိုင်သည့်အဓိက အကြောင်းရင်းမှာ သူ့နောက်တွင် အမေရိကန်က မားမားမတ်မတ် ရပ်တည်ပေးနေသောကြောင့် ဖြစ်သည်။ အိုဘားမားကမည်မျှပင် လူ့အခွင့်အရေးနှင့် ပတ်သက်ပြီး ဒေါသထွက်ထွက် နောက်ဆုံးကမ္ဘာပေါ်တွင် အကောင်းဆုံးဟု ဆိုသည့် အသစ်စက်စက် သူတို့ ဂျက်တိုက်လေယာဉ် F35 ကိုပြည်ပနိုင်ငံ အဖြစ်ပထမဆုံး အစ္စရေးကို ပေးခဲ့ရသည်။

ထိုအရာများက အစ္စရေးနှင့် အမေရိကန်တို့ကြားက နိုင်ငံရေးလှည့်ကွက်များ ဖြစ်ပြီးအစ္စရေး ဘာလုပ်လုပ် အမေရိကန်ကထောက်ခံ ပေးခဲ့သည်ချည်း သာဖြစ်သည်။

ကုလသမဂ္ဂလုံခြုံရေး ကောင်စီကမည်သည့် ပိတ်ပင်မှုစည်းမျဉ်း ပဲချချအမေရိကန်က ဗီတိုအာဏာသုံးပြီး ပယ်ချသည်ချည်း ဖြစ်သည်။ ထိုအတွက်ကြောင့် အစ္စရေးတို့ ယခုအနောက် ဘက်ကမ်းရိုးတန်းတွင် အိမ်ရာများ တည်ဆောက် နေခြင်းဖြစ်ပြီး မည်သည့် အာရပ်နိုင်ငံ ဖြစ်ဖြစ်လက်ဦးမှု ရယူကာ ဗုံးသွားကြဲ နိုင်သည်။

သို့သော် အစ္စရေး ထောက်လှမ်းရေးများက အာရပ်အရေးနှင့် ပတ်သက်လာလျှင် အမေရိကန်ထက်ပင် လက်သွက်သေးသည်။ ယခုလည်း ဂိုလန်ကုန်းမြင့်နားကို ရောက်လာလာချင်းပင် ဆီးရီးယားတပ်များကို ပြာပုံဘဝ ရောက်အောင် လုပ်ခဲ့သည်။ ထိုအတွက် ဆီးရီးယားကို ထိလျှင်မခံ တတ်သည့် ရုရှားမည်သို့ တုံ့ပြန်မည်ကိုတော့ အစ္စရေးတို့ စောင့်ကြည့် ရဦးမည်ဖြစ်သည်။ ။

မြ၀တီနေ့စဉ်သတင်းစာ စာ (၂၄)

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger