www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, June 20, 2017

မင်းဘူးမြို့နယ်တွင် ကြက်သွန်နီဈေး မြင့်တက်လာ တစ်ပိဿာလျှင် ငွေကျပ် ၁၂ဝဝထိ ဈေးနှုန်းရှိနေ



မင်းဘူး ၂၀-၆-၂၀၁၇

မင်းဘူးခရိုင် မင်းဘူးမြို့နယ်တွင် ကြက်သွန်နီဈေးမှာ ယခင်လကထက်ဈေး မြင့်တက်ကာ ယခုလက်ရှိတွင် (ကြီး၊သေး၊လတ်) ရောရာ တစ်ပိဿာလျှင်ငွေကျပ် ၁၂ဝဝထိ မြင့်တက်လာကြောင်း မင်းဘူးမြို့ရှိ သီးနှံပွဲရုံများမှ သိရသည်။

ကြက်သွန်နီဈေးမှာ ပြီးခဲ့သည့်လပိုင်းထိ တစ်ပိဿာလျှင် ငွေကျပ် ၇ဝဝ၊ ၈ဝဝဈေးရှိရာမှ ယခုရက်ပိုင်းတွင် (ကြီး၊လတ်၊သေး) ရောရာ တစ်ပိဿာလျှင် ငွေကျပ် ၁၂ဝဝထိ ဈေးနှုန်းမြင့်တက်လာကြောင်း၊ အလုံးကြီးဆိုက်(ရွယ်တူ) တစ်ပိဿာလျှင် ငွေကျပ် ၁၄ဝဝထိ ဈေးရှိကြောင်း သိရသည်။

''ဒီနေ့ ကြက်သွန်နီ ဈေးတန်းမှာ (ကြီး၊လတ်၊သေး) တစ်ပိဿာကို ငွေကျပ် ၁၂ဝဝ၊ အလုံးကြီး (အရွယ်တူ) ဆိုက် တစ်ပိဿာကို ငွေကျပ် ၁၄ဝဝ ဈေးရှိပါတယ်။ တောင်သူတွေ ကြက်သွန်ပေါ်စဆိုတော့ ဈေးတွေထိုးကျပြီးတောင်သူတွေ နစ်နာပါတယ်။ ဒါကြောင့်ကြက်သွန်နီ မပေါ်သေးသရွေ့ ဈေးကဆက်လက်တက်ပါတယ်'' ဟု သီးနှံပွဲရုံပိုင်ရှင်တစ်ဦးက ပြောပြသည်။

ကြက်သွန်နီကို ရှမ်းပြည်နယ်နှင့် စလင်း၊ ပွင့်ဖြူ၊ ရေနံချောင်း၊ ဆိပ်ဖြူ၊ ပခုက္ကူနယ်တို့တွင် အဓိကစိုက်ပျိုးကြပြီး ယခင်လများက ကြက်သွန်နီဈေး ကျခဲ့သဖြင့် တောင်သူများစိတ်ပျက်ကာ ကြက်သွန်နီစိုက်ပျိုးသည့် တောင်သူလျော့ နည်းခဲ့ကြောင်းလည်း သိရသည်။

ကြက်သွန်နီဈေး မှာလည်း ကြက်သွန်နီ မပေါ်သေးချိန်ထိ ဈေးထပ်မံမြင့်တက် လာနိုင်ကြောင်း၊ ထွက်ရှိရာဒေသများမှ ကြက်သွန်နီထွက်ရှိချိန်တွင် ဈေးပြန်လည်ကျ ဆင်းနိုင်ကြောင်း သီးနှံပွဲရုံများမှ သိရသည်။

#Yadanarpondaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger