www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, May 22, 2017

မိုင်းရယ်မြို့နယ်၊ လွယ်ငင်းကျေးရွာ၌ လက်နက်၊ ခဲယမ်းများနှင့် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ


ဖမ်းဆီးရမိသူများကို လက်နက်၊ ခဲယမ်းများ၊ မူးယစ်ဆေးဝါးများ နှင့်အတူ တွေ့ရစဉ်။

နေပြည်တော် ၂၂-၅-၂၀၁၇

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ မိုင်းရယ်မြို့နယ်၊ လွယ်ငင်းကျေးရွာနေ ဦးစိုင်းခမ်း၏ နေအိမ်ကို ယနေ့နံနက်ပိုင်းတွင် တပ်မတော် စစ်ကြောင်းနှင့် ရဲတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့က သတင်းအရ သွားရောက်
စစ်ဆေးရှာဖွေရာ ဦးစိုင်းခမ်း (ဘ) ဦးစံကြီး၊ ၎င်း၏သားဖြစ်သူ စိုင်းညွန့်သာ၊ စိုင်းစံလူ (ဘ) ဦးမြနှင့် စိုင်းဆာ (ဘ) ဦးလုံခမ်းတို့ လေးဦးကို နေအိမ်အတွင်းမှ တူမီးသေနတ်အတို နှစ်လက်၊ တူမီးသေနတ်အရှည် သုံးလက်၊လက်ပစ်ဗုံး တစ်လုံး၊ မိုင်းဖောက်ခွဲရာတွင် အသုံးပြုသည့် ဖျူးစ်နှင့်ယမ်းကြိုး တပ်လျက် လေးချောင်း၊ ယမ်းစိမ်း ငါးကျပ်သား တစ်ထုပ်၊ ယမ်းပျော့ ငါးကျပ်သား တစ်ထုပ်၊ ဖောက်ခွဲရာတွင် အသုံးပြုသည့်ခဲသီး တစ်ဘူး၊ အမ် ၂၂ကျည် ခြောက်တောင့်၊ ရီမုမိုင်း ပြုလုပ်ရာတွင် အသုံးပြုသည့် ဆားကစ်အိမ် သုံးခု၊ဘိန်းဖြူမှုန့် ၃ ဒသမ ၆၇ ဂရမ်ခန့်၊ WY စာတန်းပါ ပန်းရောင်စိတ်ကြွ ရူးသွပ်ဆေးပြား ၃၈၅ပြားတို့နှင့် အတူ ဖမ်းဆီးရမိခဲ့သည်။

အဆိုပါ ဖမ်းဆီးရမိသူများ၊ လက်နက်၊ ခဲယမ်းများနှင့် ဆက်စပ်ပစ္စည်းများ၊ မူးယစ်ဆေးဝါးများကို မိုင်းရယ်မြို့နယ်ရဲစခန်းသို့ စနစ်တကျ လွှဲပြောင်းအပ်နှံ သွားမည်ဖြစ်ကြောင်း သတင်း ရရှိသည်။

#Yadanarpondaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger