www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, May 22, 2017

အများပြည်သူနှင့် ဝန်ထမ်းများ တန်ဖိုးမျှတအိမ်ရာ ဝယ်ယူနိုင်ရေးအတွက် ချေးငွေကာလကို နှစ်၂ဝမှ နှစ်၃ဝထိ တိုးမြှင့်ပေးနိုင်ရန် ဆောင်ရွက်နေ



ရန်ကုန် ၂၂-၅-၂၀၁၇

အများပြည်သူ အိုးပိုင်အိမ်ပိုင် ဖြစ်လာစေရေး အတွက် တန်ဖိုးနည်း၊ တန်ဖိုးမျှတနှင့် ဝန်ထမ်းအိမ်ရာများကို အကောင်အထည် ဖော်ဆောင်ရွက် ပေးနေသော်လည်း အများပြည်သူများ ဝန်ထမ်းများ အနေဖြင့် ငွေကြေး အခက်အခဲများ ဖြစ်နေဆဲဖြစ်၍ ချေးငွေကာလကို နှစ်၂ဝမှ နှစ်၃ဝထိ တိုးမြှင့်ဆောင်ရွက် ပေးရန် ညှိနှိုင်းဆောင်ရွက် နေကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏သတင်းများအရ သိရသည်။

အများပြည်သူနှင့် နိုင်ငံ့ဝန်ထမ်းများ အတွက် အိမ်ရာလို အပ်ချက်များကို အစိုးရ အဆက်ဆက်က ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ရာ အဆိုပါ ဆောင်ရွက်ပေးခဲ့မှု များအရ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီး ဌာနက ၁၉၅၁ခုနှစ်မှ ၂ဝ၁၅-၂ဝ၁၆ ဘဏ္ဍာနှစ်ထိ ရန်ကုန်တိုင်း ဒေသကြီးတွင် အခန်းအရေအတွက် စုစုပေါင်း ၁၁၆၄၈၆ ရှိသည့်အိမ်ရာ စီမံကိန်းများကို အကောင်အထည် ဖော်ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့သည်။

လက်ရှိတွင် တစ်နိုင်ငံလုံးရှိ နိုင်ငံ့ဝန်ထမ်းများ၊ အငြိမ်းစား ဝန်ထမ်းများနှင့် အများပြည်သူ အတွက် အိမ်ရာလိုအပ်ချက် များကိုဖြည့်ဆည်း ဆောင်ရွက်ပေး နိုင်ရေးအတွက် အိမ်ရာစီမံကိန်းများကို အကောင်အထည် ဖော်ဆောင်ရွက် လျက်ရှိသည်။ ထိုသို့အိမ်ရာ စီမံကိန်းများကို အကောင်အထည်ဖော် ဖြည့်ဆည်း ဆောင်ရွက်ပေးနေ သော်လည်း ရရှိနိုင်သည့် မြေအရင်းအမြစ်၊ ဘဏ္ဍာရေး အရင်းအမြစ်နှင့် အများပြည်သူနှင့် ဝန်ထမ်း၊ အငြိမ်းစားဝန်ထမ်းများ၏ ဝယ်ယူနိုင်စွမ်း စသည့် အကန့်အသတ် အခက်အခဲများ ရှိနေဆဲဖြစ် သောကြောင့် ချေးငွေကာလကို တိုးမြှင့်သတ်မှတ်ပေးရန် ညှိနှိုင်းဆောင်ရွက်နေခြင်း ဖြစ်ကြောင်း သိရသည်။

#Yadanarpondaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger