www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, May 11, 2017

ကဆုန်လပြည့်နေ့တွင် ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း၊ ရေ၊ လေ) မိသားစုများ ညောင်ရေသွန်းလောင်းပူဇော်


တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်ဇနီး ဒေါ်ကြူကြူလှ လောကချမ်းသာဆုတောင်းပြည့် ဘုရားကြီးရှိ မဟာဗောဓိညောင်ပင်ကို ညောင်ရေသွန်းလောင်းပူဇော်စဉ်။

အရာရှိ၊ စစ်သည်၊ မိသားစုဝင်များက လောကချမ်းသာဆုတောင်းပြည့်ဘုရားကြီးပရိဝုဏ်အတွင်းရှိ မဟာဗောဓိညောင်ပင်များအား ညောင်ရေသွန်းလောင်းပူဇော်ကြစဉ်။

နေပြည်တော် ၁၁-၅-၂၀၁၇

မြန်မာတို့၏ ၁၂ လ ရာသီပွဲတော်တွင် တစ်ခုအပါအဝင်ဖြစ်သည့် မြန်မာသက္ကရာဇ် ၁၃၇၉ ခုနှစ်၊ ကဆုန်လပြည့်နေ့တွင် ကျရောက်သော ညောင်ရေသွန်း ပွဲတော်တွင် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ဇနီး ဒေါ်ကြူကြူလှနှင့် ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း၊ ရေ၊ လေ) မိသားစုများသည် ယနေ့ညနေပိုင်းတွင် နေပြည်တော်၊ ဇေယျာသီရိမြို့နယ်၊ ဇေယျာသီရိကုန်တိုက်ရှေ့ လောကချမ်းသာ ဆုတောင်းပြည့် ဘုရားကြီးရှိ မဟာဗောဓိ ညောင်ပင်များကို ညောင်ရေသွန်း လောင်းပူ ဇော်ကြသည်။

ဦးစွာ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့် ဇနီးတို့သည် လောကချမ်းသာ ဆုတောင်းပြည့် ဘုရားကြီးအား ပန်း၊ ဆီမီးနှင့် သောက်တော် ရေချမ်းတို့ ဆက်ကပ်လှူဒါန်းသည်။ ထို့နောက် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့်ဇနီး အမှူးပြုသော အရာရှိ၊ စစ်သည်၊ မိသားစုဝင်များသည် လောကချမ်းသာ ဆုတောင်းပြည့် ဘုရားကြီးပရိဝုဏ် တော်အတွင်းရှိ မဟာဗောဓိ ညောင်ပင်များအား ညောင်ရေသွန်းလောင်း ပူဇော်ရန် နေရာယူကြပြီး သတ်မှတ်ထားသည့် နေရာများမှ အဖွဲ့အလိုက် မဟာဗောဓိ ညောင်ပင်များကို ညောင်ရေသွန်း လောင်းပူဇော်ကြကာ အမွှေးနံ့သာရည်များ ပက်ဖျန်းပူဇော် ခဲ့ကြသည်။

အဆိုပါ ညောင်ရေသွန်းလောင်း ပူဇော်ပွဲသို့ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်ဇနီး ဒေါ်ကြူကြူလှ၊ ဒုတိယ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့်ဇနီး ဒေါ်သန်းသန်းနွယ်၊ ပြည်ထဲရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးနှင့်ဇနီး၊ ကာကွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးနှင့်ဇနီး၊ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) နှင့်ဇနီး၊ကာကွယ်ရေးဦးစီးချုပ် (ရေ) နှင့်ဇနီး၊ ကာကွယ်ရေး ဦးစီးချုပ် (လေ) နှင့်ဇနီး၊ ကာကွယ်ရေးဦးစီး ချုပ်ရုံးမှ တပ်မတော်အရာရှိ ကြီးများနှင့် ဇနီးများ၊ နေပြည်တော်တိုင်း စစ်ဌာနချုပ် တိုင်းမှူးနှင့်ဇနီး၊ ရုံး/ဌာနများမှ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များ တက်ရောက်ကြကာ မဟာဗောဓိ ညောင်ပင်များကို ညောင်ရေသွန်း လောင်းပူဇော် ခဲ့ကြသည်။

အလားတူ တိုင်းစစ်ဌာနချုပ် များတွင်လည်း ကဆုန်လပြည့်နေ့ ညောင်ရေသွန်းပွဲများကို ပြုလုပ်ကြရာ နေပြည်တော်တိုင်း စစ်ဌာနချုပ်၊ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်၊ အရှေ့မြောက် တိုင်းစစ်ဌာနချုပ်၊ အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ်၊အရှေ့အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်၊ တြိဂံဒေသ တိုင်းစစ်ဌာနချုပ်၊ အရှေ့တောင်တိုင်း စစ်ဌာနချုပ်၊ ကမ်းရိုးတန်းဒေသ တိုင်းစစ်ဌာနချုပ်၊ ရန်ကုန်တိုင်း စစ်ဌာနချုပ်၊ အနောက်တောင်တိုင်းစစ် ဌာနချုပ်၊ အနောက်ပိုင်း တိုင်းစစ်ဌာနချုပ် ၊အနောက်မြောက်တိုင်း စစ်ဌာနချုပ်၊ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်၊ တောင်ပိုင်းတိုင်း စစ်ဌာနချုပ်တို့တွင် ကဆုန်ညောင်ရေသွန်းလောင်း ပူဇော်ခြင်းများပြုလုပ် ခဲ့ကြကြောင်း သတင်းရရှိသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger