www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, May 26, 2017

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တာဝန်ပြီးဆုံး၍ ပြန်လည်ထွက်ခွာမည့် မြန်မာနိုင်ငံဆိုင်ရာ ပါကစ္စတန်နိုင်ငံသံအမတ်ကြီးအား လက်ခံတွေ့ဆုံ


တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မြန်မာနိုင်ငံဆိုင်ရာ ပါကစ္စတန်နိုင်ငံသံ
အမတ်ကြီး H.E. Mr. Ehsan Ullah Batth အားလက်ခံတွေ့ ဆုံစဉ်။

နေပြည်တော် ၂၆-၅-၂၀၁၇

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့ မွန်းလွဲ ၁ နာရီခွဲတွင် နေပြည်တော်ရှိ ဇေယျာသီရိဗိမာန် ဧည့်ခန်းမဆောင်၌ တာဝန်ပြီးဆုံး၍ ပြန်လည်ထွက်ခွာမည့် မြန်မာနိုင်ငံ ဆိုင်ရာ ပါကစ္စတန်နိုင်ငံသံအမတ်ကြီး H.E.Mr. Ehsan Ullah Batth အား လက်ခံတွေ့ဆုံသည်။

တွေ့ဆုံပွဲသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ရေ၊လေ) ဗိုလ်ချုပ်
ကြီး မြထွန်းဦးနှင့် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယ ဗိုလ်ချုပ်ကြီးစိုးထွဋ် တို့တက်ရောက်ကြပြီး ပါကစ္စတန်သံအမတ်ကြီးနှင့်အတူ စစ်သံမှူး Colonel Qasim Hameedy တို့ တက်ရောက်ကြသည်။

ထိုသို့တွေ့ဆုံရာတွင် သံအမတ်ကြီး၏ တာဝန်ထမ်းဆောင်မှုကာလအတွင်း နှစ်နိုင်ငံတပ်မတော်နှစ်ရပ်အ
ကြား ဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှု တိုးတက်လုပ်ဆောင်ခဲ့သည့် အခြေအနေများ၊ ချစ်ကြည်ရေးခရီးစဉ်များ၊ လေ့ကျင့်ရေးသင်တန်းများ၊ အပြန်အလှန်သတင်းဖလှယ်ရေးနှင့် အားကစားဆိုင်ရာများတွင် ပူးပေါင်း ဆောင်ရွက်မှု မြှင့်တင်ဆောင်ရွက်နိုင်မည့်အခြေအနေများ၊ မြန်မာနိုင်ငံပြုပြင် ပြောင်းလဲရေးနှင့်ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ အပေါ် သုံးသပ်ရှုမြင်မှုအခြေအနေများ၊ ပွင့်လင်းမှု၊ ယုံကြည်မှု၊ ရိုးသားမှုများအပေါ်အခြေခံပြီး နှစ်နိုင်ငံတပ်မတော်နှစ်ရပ်အကြား မိတ်ဆွေကောင်းဖြစ်မှုကိုပြသရေးတို့အား ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးကြသည်။

တွေ့ဆုံပွဲအပြီးတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ပါကစ္စတန်သံအမတ်ကြီးတို့သည် အမှတ်တရ လက်ဆောင်ပစ္စည်းများ အပြန်အလှန်ပေးအပ်ကြပြီး တက်ရောက်လာ ကြသူများနှင့်အတူ အမှတ်တရစုပေါင်း ဓာတ်ပုံရိုက်ခဲ့ ကြကြောင်း သတင်းရရှိသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger