www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, May 18, 2017

လေကြောင်းလူငယ် အခြေခံနှင့် တန်းမြင့်သင်တန်း သားများ ရေတပ်လေ့ကျင့်ရေး ဌာနချုပ်နှင့် လေယာဉ်ပြုပြင် ထိန်းသိမ်းမှုတို့ကို သွားရောက်လေ့လာ


        လေကြောင်းလူငယ် အခြေခံနှင့်တန်းမြင့် သင်တန်းသား၊ သင်တန်းသူများ သန်လျင်တပ်နယ်ရှိ
                       ရေတပ်လေ့ကျင့်ရေး ဌာနချုပ်သို့ သွားရောက်လေ့လာကြစဉ်။


လေကြောင်းလူငယ်အခြေခံနှင့် တန်းမြင့်သင်တန်းသား၊ သင်တန်းသူများ မင်္ဂလာဒုံတပ်နယ်၌ လေယာဉ်ပြုပြင်ထိန်းသိမ်းနေမှုကို သွားရောက်လေ့လာကြစဉ်။

နေပြည်တော် ၁၈-၅-၂၀၁၇

တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီး၌ ဖွင့်လှစ်ထားရှိသည့် လေကြောင်းလူငယ် အခြေခံနှင့်တန်းမြင့် သင်တန်းအမှတ်စဉ် (၁/၂ဝ၁၇) တို့မှ သင်တန်းသား၊ သင်တန်းသူများသည် မေ ၁၆ ရက် နံနက်ပိုင်းတွင် သန်လျင်တပ်နယ်ရှိ ရေတပ်လေ့ကျင့်ရေး ဌာနချုပ်သို့ သွားရောက် လေ့လာကြသည်။

သင်တန်းစခန်း ၁၄ ခုမှ လေကြောင်းလူငယ် အခြေခံနှင့် တန်းမြင့်သင်တန်းသား၊ သင်တန်းသူ ၅၆ဝ ဦးတို့သည် ရေတပ်လေ့ကျင့်ရေး ဌာနချုပ်ရှိ Ship Handling Simulator (A) နှင့် Engine Room ၊ Fire Fighting Trainer တပ်မတော် (ရေ) ဗဟိုစာကြည့်တိုက်နှင့် စိတ်ဓာတ်မြှင့်တင် ရေးခန်းမ၊ နက္ခတ်တာရာပြခန်း၊ စာသင်ဆောင်များ၊ DCS Zarmani နှင့် စစ်ရေယာဉ် (မေယု) တို့အား လေ့လာကြည့်ရှုကြရာ တာဝန်ရှိသူများက ရှင်းလင်းပြသ ကြသည်။

ထို့နောက် သင်တန်းသား၊ သင်တန်းသူများသည် နယ်မြေခံဗျူဟာ စစ်ရေယာဉ်စုသို့ သွားရောက်၍ ရန်ကုန်မြစ်တွင်းသို့ စစ်ရေယာဉ်ဖြင့် သွားရောက်လေ့လာကြရာ တာဝန်ရှိသူများက လိုက်လံရှင်းလင်း ပြသကြသည်။ ထို့ပြင် ယနေ့နံနက်ပိုင်း တွင်လည်း လေကြောင်းလူငယ် အခြေခံနှင့် တန်းမြင့်သင်တန်းသား၊ သင်တန်းသူများသည် ရန်ကုန်မြို့ရှိ ရွှေတိဂုံဘုရားသို့ သွားရောက် ဖူးမြော်ပြီး မင်္ဂလာဒုံတပ်နယ်၌ လေယာဉ်ပြုပြင် ထိန်းသိမ်းနေမှု တို့ကို သွားရောက်လေ့လာ ခဲ့ကြကြောင်း သတင်းရရှိသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger