တရားမ၀င်သစ်များကို သယ်ဆောင်လာသည့် ယာဉ်များနှင့်သစ်များကို တွေ့ရစဉ်။
နေပြည်တော် ၂-၅-၂၀၁၇
ရှမ်းပြည်နယ် (တောင်ပိုင်း)၊ နမ့်စန်မြို့ရှိ နယ်မြေလုံခြုံရေး ဆောင်ရွက်နေသည့် တပ်မတော် စစ်ကြောင်းသည် ဧပြီ ၂၉ ရက် ညနေ ၄ နာရီခန့်တွင် နမ့်စန်မြို့၏ အရှေ့တောင်ဘက် ၆ မိုင်ခန့်အရောက်တွင် တရားမဝင်ကျွန်း၊ ပိတောက်သစ်ဆိုဒ်စုံ (ခန့်မှန်း ၁၉၅ တန်ခန့်) တင်ဆောင်၍ ရပ်တန့်ထားသော ၁၂ ဘီးယာဉ် ၁ဝ စီး၊ ၁ဝ ဘီးယာဉ်သုံးစီး၊ ယာဉ်အလွတ် ၁၂ ဘီးယာဉ်တစ်စီး၊ သရီးကရောင်းတစ်စီး၊ ကရိန်းယာဉ်တစ်စီး တို့နှင့် စုပုံထားသော ပိတောက်ဓားရွေတုံး (ခန့်မှန်း ၁၄၅ တန်ခန့်)၊ ကျွန်းခွဲသားဆိုဒ်စုံ (ခန့်မှန်း ၆၂တန်ခန့်) တို့နှင့်အတူ ကိုအောင်အောင် (ဘ) ဦးဝင်းမောင်အား တွေ့ရှိဖမ်းဆီးရမိခဲ့သည်။
အဆိုပါဖမ်းဆီးရမိသူ၊ ယာဉ်များနှင့်တရား မဝင်သစ်ဆိုဒ်စုံ (ခန့်မှန်း ၄ဝ၂ တန်ခန့်) တို့ကို နမ့်စန်မြို့ သစ်တောဦးစီးဌာနနှင့် နမ့်စန်မြို့မ ရဲစခန်းသို့ စနစ်တကျ လွှဲပြောင်း အပ်နှံလျက်ရှိကြောင်း သတင်းရရှိသည်။
#Themyawadydaily






No comments:
Post a Comment