www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, May 22, 2017

ညောင်တုန်းမြစ်ကမ်းပါး ထိန်းသိမ်းကာကွယ်ရေး လုပ်ငန်းအတွက် ငွေကျပ်သန်း ၉ဝဝ ကျော် အသုံးပြုကာ မိုးမကျမီပြီးစီးနိုင်ရေး ဦးစားပေးလုပ်ဆောင်မည်



ညောင်တုန်း ၂၂-၅-၂၀၁၇

ဧရာဝတီတိုင်းဒေသကြီး ညောင်တုန်း မြစ်ကမ်းပါး၌ ရေကြီးရေလျှံမှုနှင့် မြစ်ကမ်းပါး ပြိုကျခြင်းကို ထိန်းသိမ်းကာကွယ်ရေး လုပ်ငန်းများ လုပ်ဆောင်ရန် ငွေကျပ် သန်း ၉ဝဝ ကျော် ဘတ်ဂျက်ငွေ လျာထားပြီး မိုးမကျမီ ပြီးစီးနိုင်ရေး ဦးစားပေးဆောင်ရွက် မည်ဖြစ်ကြောင်း ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ လျှပ်စစ်၊ စွမ်းအင်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေး ဝန်ကြီး ဦးဝင်းဌေး ကပြောသည်။

ဧရာဝတီမြစ်ရေ မတက်မီ မြစ်ကမ်းပါး ထိန်းသိမ်းရေး လုပ်ငန်းများ အချိန်မီ ပြီးစီးနိုင်ရေး ဧရာဝတီတိုင်း ဒေသကြီး အစိုးရအနေဖြင့် အရှိန်အဟုန်မြှင့် ဆောင်ရွက်နေပြီး အချိန်မီပြီးစီးမည် ဟုခန့်မှန်းထားကြောင်း သိရသည်။ မြစ်ကမ်းပါးထိန်းသိမ်းရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် ရေဘေးအန္တရာယ် စိုးရိမ်ရသည့် ညောင်တုန်း ၂၁ လမ်းနှင့် ၂၂ လမ်း ကမ်းနားတာအနီး၌ သံကူကွန်ကရစ် ဘိုးပိုင်များ တည်ဆောက်ခြင်းနှင့် ကျောက်စီမြေ ထိန်းနံရံများ တည်ဆောက်ခြင်းတို့ ပြုလုပ်လျက်ရှိသည်။ တခြားရေဘေး အန္တရာယ်စိုးရိမ် ရသည့် ၂၄ လမ်းမှ ၂၇ လမ်းရှိ မြစ်ကမ်းတစ်လျှောက် ၌လည်း သံကူကွန်ကရစ် ဘိုးပိုင်များ တည်ဆောက်ခြင်းနှင့် ကျောက်စီ မြထိန်းနံရံများ တည်ဆောက် ခြင်းတို့ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

ညောင်တုန်းမြစ် ကမ်းပါးရေကာတာသည် ဧရာဝတီမြစ်ရေ ရေကြောင်းထိုးခြင်းနှင့် ပန်းလှိုင်မြစ်ရေ တိုက်စားခြင်းတို့ကြောင့် ညောင်တုန်းမြို့ ၂၁ လမ်းမှ စတင်ကွဲအက်နိမ့်ကျမှု ဖြစ်ပေါ်နေပြီး မြို့မပျက်စီးရေး၊ မြစ်ကမ်းဘေးတာတမံ အနီးနေထိုင်သူများ မိုးရာသီတွင် ရေဘေးအန္တရာယ် ကင်းစွာနေထိုင်နိုင်ရေး အချိန်မီ ပြီးစီးရန် ဆောင်ရွက်နေကြောင်း သိရသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger