တပ်မတော်သားများ နှင့်ဌာနဆိုင်ရာများ စုပေါင်း၍ စာသင်ကျောင်း၌ စုပေါင်းသန့်ရှင်းရေး
ဆောင် ရွက်ပေးစဉ်။
နေပြည်တော် ၂၂-၅-၂၀၁၇
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းမြို့နယ်၊ ဘုတ်ပြင်းမြို့ အခြေခံပညာ အထက်တန်းကျောင်း၊ ကရသူရိမြို့ အခြေခံပညာ အထက်တန်းကျောင်း၊ ပြည်ကြီးမဏ္ဍိုင်မြို့ အခြေခံပညာ အထက်တန်းကျောင်းနှင့် တနင်္သာရီမြို့နယ်၊ ညောင်ပင်ကွင်းကျေးရွာ အခြေခံပညာ အထက်တန်းကျောင်း၊ ဇဝဲကျေးရွာ အခြေခံပညာ အထက်တန်းကျောင်း၊ အောက်ကင်းကျေးရွာ အခြေခံပညာ မူလတန်းကျောင်းနှင့် ကမ္မလိုင်းကျေးရွာ အခြေခံပညာ အထက်တန်းကျောင်း တို့၌ မေ ၂ဝ ရက်တွင် ကမ်းရိုးတန်းဒေသ တိုင်းစစ်ဌာနချုပ်၊ ဘုတ်ပြင်းတပ်နယ်နှင့် တနင်္သာရီ တပ်နယ်တို့ရှိ တပ်မတော်သားများနှင့် ဌာနဆိုင်ရာများ စုပေါင်း၍ ကျောင်းများ၏ သန့်ရှင်းသာယာ လှပရေး အတွက် ချုံနွယ်များ ခုတ်ထွင် ရှင်းလင်းခြင်း၊ ရေစီးရေလာ ကောင်းမွန်စေရန် ရေနုတ်မြောင်းများ တူးဖော်ခြင်း၊ စာသင်ခုံများ ပြုပြင်ပေးခြင်းနှင့် သန့်ရှင်းရေး ပြုလုပ်ခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သတင်းရရှိသည်။
#Themyawadydaily






No comments:
Post a Comment