www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, May 26, 2017

မန္တလေးကျုံးဘေးရှိ မန်းသီတာဥယျာဉ်ကို ယခုဘဏ္ဍာနှစ်အတွင်း ပြန်လည် အကောင်အထည် ဖော်မည်



မန္တလေး ၂၆-၅-၂၀၁၇

မန္တလေးတိုင်းဒေသကြီး ကျုံးတောင်ဘက်၌ ပြန်လည်ဖော်ဆောင်မည့် မန်းသီတာ ဥယျာဉ်ကို ယခုဘဏ္ဍာနှစ်အတွင်း စတင်အကောင်အထည်ဖော် သွားမည်ဖြစ်ကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီမှ သိရသည်။

ယခင်ကျုံးတောင်ဘက် ၂၆ ဘီလမ်းပေါ်ရှိ မန်းသီတာဥယျာဉ်နေရာသည် ၇၃ လမ်းမှ လမ်း ၈ဝ အထိသာရှိခဲ့ သော်လည်း ယခုအခါ ၆၆ လမ်းမှလမ်း ၈ဝ အထိ နေရာတိုးချဲ့မည်ဟု သိရသည်။ အဆိုပါဥယျာဉ်ကို လူထုအပန်း ဖြေနေရာများစွာ လိုအပ်နေ၍ ပြန်လည်ဖော်ဆောင် ရခြင်းဖြစ်ပြီး မန္တလေးကျုံးဘေး၌ အပန်းဖြေနိုင်မည့်နေရာ တစ်ခုအဖြစ် ပါဝင်လာမည်ဖြစ်ကြောင်း သိရသည်။

ယင်းဥယျာဉ် အကောင်အထည်ဖော်ရန် ၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာနှစ် ဘတ်ဂျက် ငွေကျပ်သိန်း ၃၄၅ဝ ကိုမန္တလေးမြို့တော်ဝန်က လွှတ်တော်တွင်တောင်းခံရာ ခွင့်ပြုပေးသဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ရခြင်းဖြစ်သည်။ ယင်းအတွက် ဒီဇိုင်းပုံစံအကြမ်းကို ပြင်သစ်နိုင်ငံမှ Archetype Company က ရေးဆွဲပြီး မန်းသီတာဥယျာဉ်ကို စတင်ဖွင့်လှစ်စဉ်က ဝင်ကြေးအခမဲ့ ဖြစ်သော်လည်း နောက်ပိုင်းတွင် ဝင်ကြေးကောက်ခံခဲ့ကြောင်း သိရသည်။

မန္တလေးမြို့သည် မြန်မာနိုင်ငံအလယ်ပိုင်း အပူပိုင်းဇုန်အတွင်း တည်ရှိသည့်အတွက် မြို့တော်နေပြည်သူများ အပန်းဖြေနိုင်ရန် ၁၉၅၉ ခုနှစ်တွင် မန္တလေးကျုံးမြို့ရိုးနှင့် ကျုံးရေပြင်ကြား၌ မန်းသီတာဥယျာဉ်ကို အစိုးရနှင့် စည်ပင်သာ ယာရေးကော်မတီတို့ ပူးပေါင်းတည်ဆောက်ခြင်း ဖြစ်ပြီး ၁၉၉၃ ခုနှစ်က ပြန်လည် ဖျက်သိမ်းခဲ့ကြောင်း သိရသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger