www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, May 22, 2017

ယခုဘဏ္ဍာနှစ်တွင် စစ်ကိုင်းတိုင်း ဒေသကြီးအတွင်း ဂျုံဧက တစ်သိန်းကိုးသောင်းကျော် စိုက်ပျိုးရန်လျာထား



မုံရွာ ၂၂-၅-၂၀၁၇

ယခုဘဏ္ဍာနှစ်တွင် စစ်ကိုင်းတိုင်း ဒေသကြီးအတွင်းရှိ မုံရွာ၊ စစ်ကိုင်း၊ ရွှေဘို၊ ယင်းမာပင်၊ ကသာ၊ ကလေး၊ တမူး၊ ခန္တီးခရိုင်နှင့် နာဂကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသအတွင်းရှိ မြို့နယ်များတွင် ဂျုံသီးနှံ ၁၉၉၃၇၃ ဧက စိုက်ပျိုးနိုင်ရန်လျာထားကြောင်း တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

စစ်ကိုင်းတိုင်း ဒေသကြီးအတွင်း ဂျုံသီးနှံကို ၂ဝ၁၄-၂ဝ၁၅ ဘဏ္ဍာနှစ်တွင် ၁၈၁၈၁၅ဧက ကိုလည်းကောင်း၊ ၂ဝ၁၅-၂ဝ၁၆ဘဏ္ဍာနှစ် တွင် ဧက ၂၁ဝဝဝဝကို လည်းကောင်း လျာထားစိုက်ပျိုးနိုင်ခဲ့ပြီး ယခုဘဏ္ဍာနှစ်တွင်လည်း ၁၉၉၃၇၃ ဧကစိုက်ပျိုးနိုင်ရန် လျာထားကြောင်း သိရသည်။

''စစ်ကိုင်းတိုင်းဒေသကြီးမှာ မုံရွာ၊ စစ်ကိုင်းနဲ့ ရွှေဘိုမြို့တွေမှာ ရှိတဲ့ စက်မှုဇုန်တွေမှာ ဂျုံမှုန့်ကြိတ် စက်ရုံတွေရှိတယ်။ နောက်ပြီး အသေးစား ဂျုံကြိတ်ခွဲရေး စက်တွေ လဲရှိတယ်။ အဲဒီ စက်ရုံတွေမှာ အဓိကလိုအပ်တဲ့ ဂျုံသီးနှံတွေကို မုံရွာ၊ စစ်ကိုင်း၊ ရွှေဘိုနဲ့ ယင်းမာပင် ခရိုင်တွေမှာရှိတဲ့ မြို့နယ်တွေမှာ စိုက်ပျိုးကြတာပါ။ အခုနောက်ပိုင်း စက်မှုဇုန်တွေမှာ မြန်မာ့ဂျုံတွေနဲ့ စာရင် ဈေးသက်သာတဲ့ အိန္ဒိယ ဂျုံနီတွေက ဂျုံစေ့ရော၊ ဂျုံမှုန့်တွေပါ အဝင်များလာတော့ မြန်မာ့ဂျုံ တွေက အခုနောက်ပိုင်းမှာ ဈေးမရတော့ စိုက်ပျိုးဖို့အတွက် တောင်သူ တွေစိတ်ဝင်စားမှု နည်းလာတယ်''ဟု တိုင်းဒေသကြီး စိုက်ပျိုးရေး ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောပြသည်။

ယခုဘဏ္ဍာနှစ်တွင် ဂျုံသီးနှံကို စစ်ကိုင်းခရိုင်အတွင်း ၆၆၈၇၈ဧက၊ မုံရွာခရိုင်အတွင်းဧက ၄၈၁ဝဝ၊ ယင်းမာပင်ခရိုင်အတွင်း ၄၁၇၇၅ ဧက၊ ရွှေဘိုခရိုင်အတွင်း ဧက ၃၈၄ဝဝ၊ ကသာခရိုင်အတွင်း ၉၄ဧက၊ ကလေးခရိုင်အတွင်း ဧက ၃၅၆ဝ၊ တမူးခရိုင်အတွင်း ဧက ၅ဝဝ၊ ခန္တီးခရိုင်အတွင်း ဧက ၅ဝ နှင့် နာဂကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသအတွင်း ၁၆ဧက၊ စုစုပေါင်း ၁၉၉၃၇၃ဧကကို စိုက်ပျိုးနိုင်ရန် လျာထားကြောင်း သိရသည်။

#Yadanarpondaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger