www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, May 19, 2017

ASEAN-Japan Center မှ အထွေထွေ အတွင်းရေးမှူးနှင့် အဖွဲ့မြိတ်ကျွန်းစုသို့ သွားရောက်လေ့လာ၍ အကြံပြုဆွေးနွေး



နေပြည်တော် ၁၉-၅-၂၀၁၇

ASEAN-Japan Center မှ အထွေထွေအတွင်းရေးမှူး H.E Mr.Matsataka Fujit နှင့်အဖွဲ့သည် ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန၏ ဖိတ်ကြားမှုဖြင့် မြန်မာနိုင်ငံ သို့လာရောက်ခဲ့ပြီး မြိတ်ကျွန်းစုဒေသသို့ သွားရောက် လေ့လာ၍ အကြံပြုဆွေးနွေးခဲ့ကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန၏ မေ၁၇ရက် သတင်းများအရ သိရသည်။

ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင်သည် မေ ၁၆ရက်က ရန်ကုန်မြို့ ChatriumHotel တွင်မြန်မာနိုင်ငံ မြိတ်ကျွန်းစုဒေသသို့ သွားရောက် လေ့လာခဲ့သည့် ASEAN-Japan Center ၏အထွေထွေ အတွင်းရေးမှူး  H.E Mr.Matsataka Fujit ဦးဆောင်သောအဖွဲ့ကို တွေ့ဆုံ၍ မြန်မာနိုင်ငံ တနင်္သာရီတိုင်း ဒေသကြီးရှိ ကျွန်းများ၊ ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့ရှိ ခရီးစဉ်ဒေသများ ဖွံ့ဖြိုးတိုးတက်ရေး၊ မြန်မာနိုင်ငံသို့ ဂျပန်လူမျိုး ခရီးသွားဧည့်သည်များ ပိုမိုလာရောက် ရေးကိစ္စရပ်များ နှင့်ပတ်သက်၍ တွေ့ဆုံဆွေး နွေးခဲ့သည်။

အဆိုပါ ဆွေးနွေးပွဲတွင် ချင်းပြည်နယ်စည်ပင် သာယာရေး၊ လျှပ်စစ်နှင့် စက်မှုလက်မှုဝန်ကြီးဌာန ဝန်ကြီးဦးဆလိုင်းအိုက်ဇက်ခင်နှင့် ရခိုင်ပြည်နယ် ဟိုတယ်လုပ်ငန်းရှင်များ အသင်းဥက္ကဋ္ဌ ဦးသန်းဦးတို့က ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့ရှိ ခရီးစဉ်ဒေသများ၊ ခရီးသွားလုပ်ငန်းဖွံ့ဖြိုး တိုးတက်လာမှု အခြေအနေများကို ရှင်းလင်းတင်ပြပြီး တက်ရောက်လာကြ သူများက အကြံပြု ဆွေးနွေးခဲ့ကြသည်။ 

အဆိုပါ တွေ့ဆုံ ဆွေးနွေးပွဲတွင် ASEAN-Japan Cente မှ အထွေထွေ အတွင်းရေးမှူး  H.E Mr.Matsataka Fujit နှင့်အဖွဲ့ကလည်း မြိတ်ကျွန်းစုဒေသသို့ သွားရောက်လေ့လာ ခဲ့မှုများနှင့် ပတ်သက်၍ အကြံပြု ဆွေးနွေးခဲ့ကြောင်း သိရသည်။

#Yadanarpondaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger