www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, April 5, 2017

Miss Golden Land Mandaly Region 2017 အလှမယ်ရွေးချယ် ဧပြီ ၁၀ ရက်တွင် ကျင်းပမည်



မန္တလေး ၅-၄-၂၀၁၇

မန္တလေးတိုင်း ဒေသကြီး ကိုယ်စားပြု Miss Golden Land Mandaly Region 2017 အလှမယ် ရွေးချယ်ပွဲကို ဧပြီ ၁ဝ ရက်တွင် မန္တလေးမြို့ ၇၈လမ်း၊ ၃၇x၃၈ လမ်းကြား၊ Hotel Mandalay Ball Room ၌ ကျင်းပ  ပြုလုပ်မည် ဖြစ်ကြောင်း MGLM မှ CEO ကိုဝေယံလင်းထံမှ သိရသည်။ 

''ပြည်နယ်နှင့် တိုင်းဒေသကြီး အလှမယ် ရွေးချယ်ပွဲတွေကို စတင်ပြီး ကျင်းပပြုလုပ် နေပါတယ်။ မန္တလေးတိုင်း ဒေသကြီးအတွက် အလှမယ် အယောက် ၂ဝ ကို ပဏာမအဆင့် အနေနဲ့ ရွေးချယ်ခဲ့ ပါတယ်။ နှစ်စဉ်ကျင်းပ နေကျပုံစံအတိုင်း ပဲကျင်းပ ပြုလုပ်သွား မှာပါ။ အရည်အချင်း ရှိတဲ့၊ ထက်မြက်တဲ့ အလှမယ်တွေကို ပြည်နယ်နဲ့ တိုင်းဒေသကြီးတွေ ထိသွားရောက် ရွေးချယ်ပါ့မယ်။ နောက်ဆုံး ရွေးချယ်ခဲ့တဲ့ ပြည်နယ်နှင့် တိုင်းဒေသကြီး ကိုယ်စားပြု အလှမယ် အယောက် ၂ဝ ကို ရန်ကုန်မှာ ထပ်မံယှဉ်ပြိုင် ပါမယ်။ သူတို့ထဲက ငါးယောက်ကတော့ ၂ဝ၁၇ ခုနှစ်အတွင်း နိုင်ငံတကာ ပြိုင်ပွဲတွေကို မြန်မာနိုင်ငံ ကိုယ်စားပြု အလှမယ်တွေ အနေနဲ့ စေလွှတ်သွား မှာပါ''ဟု ၎င်းက ဆက်လက် ပြောပြသည်။

အဆိုပါ ပြိုင်ပွဲတွင် Winner ဆုအတွက် ငွေကျပ် ၁၅ သိန်း၊ First Runner Up ငွေကျပ် ၁ဝသိန်း၊ Second Runner Up ငွေကျပ်ငါးသိန်း ချီးမြှင့်သွားမည် ဖြစ်ပြီး Miss Golden land Myanmar Organization သည် ၂ဝ၁၆ ခုနှစ်မှ စတင်၍ ပြည်နယ်နှင့် တိုင်းဒေသကြီး အဆင့်ဆင့် အလှမယ်ရွေးချယ် ပွဲများကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger