www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, April 5, 2017

စားသောက်ကုန်ထုတ်လုပ်မှုလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေး ဒေသတွင်းလုပ်ငန်းများကွင်းဆင်းလေ့လာ



ပခုက္ကူ  ၅-၄-၂၀၁၇

စားသောက်ကုန် ထုတ်လုပ်မှု လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဆိုင်ရာအလုပ်ရုံ ဆွေးနွေးပွဲ ပြုလုပ်ရန် အတွက် စက်မှုဝန်ကြီးဌာန၊ စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် SMIDB ဒုတိယ ဥက္ကဋ္ဌနှင့်အဖွဲ့သည် ပခုက္ကူမြို့နယ် အတွင်းရှိ ပဲကြော်လုပ်ငန်း များကို ဧပြီ ၃ ရက် နံနက် ၁ဝ နာရီက သွားရောက် လေ့လာခဲ့ကြောင်း သိရသည်။

စက်မှုဝန်ကြီးဌာန၊ စက်မှုကြီးကြပ်ရေး နှင့် စစ်ဆေးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါ်အေးအေးဝင်း နှင့်အဖွဲ့သည် ပခုက္ကူမြို့၊ မြင်းချိုင့် ကျေးရွာရှိ ဓူဝံပဲကြော် လုပ်ငန်းနှင့် အမှတ် (၁၅) ရပ်ကွက်၊ ဆင်ပေါက်လှရပ် ရှိခိုင်မွန်ပဲကြော် လုပ်ငန်းတို့သို့ ရောက်ရှိပြီး ပြည်တွင်း ထုတ်စက်ကိရိယာ များအသုံး ပြုခြင်းအားဖြင့် Food Processing Industries နှင့် Marchines Tools and Parts တို့အကြား အပြန်အလှန် စီးပွားရေးအရ ဆက်စပ်မှုများ ဖြစ်ပေါ်ပြီး ဖွံ့ဖြိုး တိုးတက်မှု အခြေအနေနှင့် အရည်အသွေး မီထုပ်ပိုးမှု ပုံစံများဖြင့် ထုတ်လုပ်၍ ဈေးကွက် ပိုမိုရရှိမှု အခြေအနေများကို လေ့လာခဲ့ ကြောင်းသိရသည်။ 

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger