www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, April 6, 2017

InterPlas Thailand 2017 ပြပွဲသို့ မြန်မာပလတ်စတစ် လုပ်ငန်းရှင်များအသင်း သွားရောက်လေ့လာမည်



ရန်ကုန် ၊ ၆-၄-၂၀၁၇

ထိုင်းနိုင်ငံ ဗန်ကောက်မြို့ BITEC ၌ဇွန် ၂၁ ရက်မှ ၂၄ ရက်အထိ ကျင်းပမည့် InterPlas Thailand 2017 ပြပွဲသို့ မြန်မာပလတ်စတစ် လုပ်ငန်းရှင်များ အသင်း သွားရောက် လေ့လာမည် ဖြစ်ကြောင်း သိရသည်။

InterPlas Thailand 2017 ပြပွဲသည် အာဆီယံဒေသရှိ ပလတ်စတစ်လုပ်ငန်း ဆိုင်ရာပြပွဲဖြစ်၍ အာဆီယံနှင့် အာရှဒေသမှ ပလတ်စတစ် လုပ်ငန်းရှင်များစွာ တက်ရောက် ပြသကြကြောင်း သိရသည်။

ယင်းပြပွဲ၌ ပလတ်စတစ်နှင့် ရေနံဓာတုဆိုင်ရာ ကုန်ထုတ်လုပ်ရေး စက်ပစ္စည်းများ၊ နည်းပညာနှင့် ဖြေရှင်းနည်းများ၊ မိုနှင့်ဖိနှိပ် ဒီဇိုင်းဖော်စက် ထုတ်လုပ်ခြင်း အတွက် စက်မှု ဖြေရှင်းနည်းပညာ ယာဉ်ယန္တရား အစိတ်အပိုင်းများ ထုတ်လုပ်ခြင်း အတွက် စက်မှုနှင့် နည်းပညာဆိုင်ရာ ပြပွဲ၊ စက်မှုလုပ်ငန်း ဆိုင်ရာ အလိုအလျောက် စက်ပစ္စည်းနှင့် တပ်ဆင်ခြင်း ဆိုင်ရာ နည်းပညာများ၊ မျက်နှာ ပြင်ပြုပြင်ခြင်း၊ ဆေးခြယ်ခြင်းနှင့် အပေါ်ယံလွှာ ဆိုင်ရာ ဖြေရှင်းနည်းများ၊ လျှပ်စစ်ပစ္စည်း ထုတ်လုပ်ရေး အတွက် တပ်ဆင်ခြင်း၊ တိုင်းတာခြင်းနှင့် စမ်းသပ်ခြင်း နည်းပညာများ အပြင် ဆွေးနွေးပွဲများ ပါဝင်မည် ဖြစ်ကြောင်း သိရသည်။

InterPlas Thailand 2017 ပြပွဲသို့ ဧည့်သည် ၁ဝ ဦးနှင့်အထက် လာရောက်ပါက Overseas Delegation Package နှင့်ကိုက်ညီမည် ဖြစ်၍ မြန်မာနိုင်ငံမှ ဧည့်သည်များ အတွက် တစ်ဦးလျှင် နှစ်ညတာ အခမဲ့တည်းခိုခွင့် ရရှိမည် ဖြစ်ကြောင်း၊ စီးပွားရေးဆိုင်ရာ ဆွေးနွေးပွဲတွင် အနည်းဆုံး လူဦးရေ ၃ဝ တက်ရောက်ပါက Connect Business Campaing တွင်အကျုံးဝင်၍ တစ်ဦးလျှင် အမေရိကန် ဒေါ်လာ ၁ဝဝ ရရှိမည်ဖြစ်ပြီး အဖွဲ့အနေဖြင့် ပုဂ္ဂလိက အစည်းအဝေး များအတွက် Business Delegation Lounge ကို အသုံးပြုခွင့် ရမည်ဖြစ်ကြောင်း သိရသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၆)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger