www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, April 25, 2017

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သြစတြီးယား တပ်မတော်စစ်ဦးစီးချုပ် General Othmar Commenda မှ တည်ခင်းဧည့်ခံသည့် ညစာစားပွဲသို့ တက်ရောက်



တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ဇနီးဒေါ်ကြူကြူလှနှင့် မြန်မာ့တပ်မတော် ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့ဝင် များအား သြစတြီးယားတပ်မတော်စစ်ဦးစီးချုပ် General Othmar Commenda နှင့်ဇနီးတို့က ညစာစားပွဲဖြင့် တည်ခင်းဧည့်ခံစဉ်။

နေပြည်တော်၊ ၂၅-၄-၂၀၁၁၇

သြစတြီးယားနိုင်ငံသို့ ရောက်ရှိလျက်ရှိသော တပ်မတော်ကာကွယ် ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာ့တပ်မတော် ချစ်ကြည်ရေး ကိုယ်စားလှယ် အဖွဲ့အား သြစတြီးယား တပ်မတော်စစ်ဦးစီးချုပ် General Othmar Commenda နှင့်ဇနီးတို့က ဧပြီ ၂၃ ရက် ဒေသစံတော်ချိန် ည ၇ နာရီတွင် ဗီယင်နာမြို့ရှိ Marriott ဟိုတယ်၌ ညစာစားပွဲဖြင့် တည်ခင်းဧည့်ခံသည်။

ဦးစွာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ဇနီးဒေါ်ကြူကြူလှနှင့် မြန်မာ့တပ်မတော်ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့ဝင်များအား General Othmar Commenda နှင့်ဇနီး၊ တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ခဲ့ကြသည်။ 

ထို့နောက် ညစာစားပွဲအထိမ်းအမှတ် နှုတ်ဆက်စကားများ အပြန်အလှန်ပြောကြားခဲ့ကြကာ အတူတကွ ညစာသုံးဆောင်ခဲ့ကြပြီး အမှတ်တရလက်ဆောင်ပစ္စည်းများ အပြန်အလှန်ပေးအပ်ခဲ့ကြသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger