www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, April 25, 2017

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဗီယင်နာမြို့ရှိ Schonbrunn Palace နှင့် Donau Tower သို့သွားရောက်လေ့လာ


တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဦးဆောင်သော မြန်မာ့တပ်မတော် ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့ သြစတြီးယားနိုင်ငံ ဗီယင်နာမြို့ရှိ Schonbrunn Palace အတွင်း ကြည့်ရှုလေ့လာစဉ်။

နေပြည်တော်၊ ၂၅-၄-၂၀၁၇

သြစတြီးယားနိုင်ငံသို့ အလုပ်သဘော ချစ်ကြည်ရေး ခရီးစဉ်ရောက် ရှိနေသည့် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သော မြန်မာ့တပ်မတော် ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့သည် သြစတြီးယားနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးစံလွင်နှင့်ဇနီးတို့ လိုက်ပါလျက် ဧပြီ ၂၃ ရက် ဒေသစံတော်ချိန် နေ့လယ် ၂ နာရီခွဲတွင် ဗီယင်နာမြို့ရှိ Schonbrunn Palace သို့ ရောက်ရှိလေ့လာကြသည်။

Schonbrunn Palace သည် သြစတြီးယားနိုင်ငံ၏ ရှေးဟောင်းအင်ပါယာ အဆောက်အဦဖြစ်ကာ ဗိသုကာလက်ရာများ မှာလည်း ထင်ရှားပြီး သမိုင်းကြောင်းအရ အရေးပါသည့် ယဉ်ကျေးမှု အမွေအနှစ်ဆိုင်ရာ နေရာတစ်ခုလည်း ဖြစ်ပါသည်။ နန်းတော်နှင့် ဥယျာဉ်တို့တွင် သြစတြီးယားနိုင်ငံ Habsburger မင်းဆက်၏ စိတ်ဝင်စားဖွယ်ရာ ဓလေ့ထုံးစံများနှင့် အလေ့အထများကို ပြသထားရှိသည်။ Schonbrunn နန်းတော်အား UNESCO ၏ ကမ္ဘာ့ရှေးဟောင်း အမွေအနှစ်စာရင်း၌ ၁၉၉၆ ခုနှစ်တွင် မှတ်တမ်းတင်ခဲ့ကြောင်း လေ့လာတွေ့ရှိ ရပါသည်။

ဆက်လက်၍ မြန်မာ့တပ်မတော် ချစ်ကြည်ရေး ကိုယ်စားလှယ် အဖွဲ့သည် ဒေသစံတော်ချိန် နေ့လယ် ၄ နာရီ ၁၀ မိနစ်တွင် Donau Tower သို့ ရောက်ရှိခဲ့ကြကာ ဗီယင်နာမြို့၏ ရှုမျှော်ခင်းများအား ကြည့်ရှုခဲ့ကြေ
ကြာင်း သတင်းရရှိသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger