www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, April 25, 2017

တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အား သြစတြီးယားတပ်မတော် စစ်ဦးစီးချုပ်က ဂုဏ်ပြုကြိုဆို၊ တွေ့ဆုံဆွေးနွေး


တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် သြစတြီးယားတပ်မတော်စစ်ဦးစီးချုပ် General Othmar Commenda တို့ ဂုဏ်ပြုတပ်ဖွဲ့အားစစ်ဆေးစဉ်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် သြစတြီးယားတပ်မတော်စစ်ဦးစီးချုပ် General Othmar Commenda တို့တွေ့ဆုံဆွေးနွေးစဉ်။


တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဧည့်သည်တော်မှတ်တမ်းစာအုပ်တွင် 
လက်မှတ်ရေးထိုးစဉ်။

နေပြည်တော်၊ ၂၅-၄-၂၀၁၇

သြစတြီးယား နိုင်ငံသို့ အလုပ်သဘော ချစ်ကြည်ရေး ခရီးစဉ်ရောက်ရှိ နေသည့် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အား ယနေ့နံနက် ဒေသစံတော်ချိန် ၁၀ နာရီတွင် သြစတြီးယား တပ်မတော် စစ်ဦးစီးချုပ် General Othmar Commenda က သြစတြီးယား ကာကွယ်ရေးဝန်ကြီး ဌာနတွင် ဂုဏ်ပြုတပ်ဖွဲ့ဖြင့်ကြိုဆိုသည်။

ဦးစွာတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာ့တပ်မတော် ချစ်ကြည်ရေးကိုယ်စား လှယ်အဖွဲ့သည် သြစတြီးယား ကာကွယ်ရေးဝန်ကြီး ဌာနသို့ရောက်ရှိ ကြရာ သြစတြီးယား တပ်မတော်စစ်ဦးစီးချုပ် General Othmar Commenda နှင့်တာဝန်ရှိသူ များက ကြိုဆို နှုတ်ဆက်ကြသည်။ ထို့နောက်တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့် သြစတြီးယားတပ်မတော် စစ်ဦးစီးချုပ်တို့သည် ဂုဏ်ပြုတပ်ဖွဲ့၏ အလေးပြုခြင်း ကိုခံယူပြီး ဂုဏ်ပြုတပ်ဖွဲ့အားစစ်ဆေးကြသည်။ ယင်းနောက် ဂုဏ်ပြုကြိုဆိုပွဲ အခမ်းအနားသို့ တက်ရောက်လာကြသည့် နှစ်နိုင်ငံတပ်မတော် အရာရှိကြီးများနှင့် အပြန်အလှန် မိတ်ဆက်ပေး ကြသည်။

ဂုဏ်ပြုကြိုဆို ပွဲအပြီးတွင် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့် သြစတြီးယား တပ်မတော်စစ်ဦးစီး ချုပ်တို့သည် အမှတ်တရ ဓာတ်ပုံရိုက်ကူး ကြပြီး ကာကွယ်ရေးဝန်ကြီး ဌာနအတွင်းရှိ သြစတြီးယား တပ်မတော်စစ်ဦးစီး ချုပ်၏ ဧည့်ခန်းမတွင် တွေ့ဆုံဆွေးနွေး ကြသည်။

ထိုသို့ဆွေးနွေးရာတွင် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က တပ်မတော်နှစ်ရပ် အကြား ဆက်ဆံရေး တိုးမြှင့်ဆောင်ရွက် ရန်ရည်ရွယ်၍ ခရီးစဉ်အား စီစဉ်ဆောင်ရွက်ခြင်း ဖြစ်ပါကြောင်း၊ တပ်မတော်နှစ်ရပ် အကြား ပူးပေါင်း ဆောင်ရွက်နိုင်သည့် နယ်ပယ်များစွာ ရှိပါကြောင်း၊ တပ်မတော်နှစ်ရပ် ဆက်ဆံရေးအနေဖြင့် နှစ်နိုင်ငံဆက်ဆံရေး တိုးတက် ကောင်းမွန်စေရန်လည်း အထောက်အကူ ပြုမည်ဖြစ်ပါကြောင်း၊ ဥရောပနိုင်ငံ များအနေဖြင့် မြန်မာနိုင်ငံ၏ မိတ်ဆွေနိုင်ငံများ ဖြစ်သည်ဟု ရှေးယခင်ကပင် မြန်မာ ခေါင်းဆောင်များက သတ်မှတ်ခဲ့ကြ ပါကြောင်း၊ သြစတြီးယား တပ်မတော်စစ်ဦးစီး ချုပ်ကိုလည်း မြန်မာနိုင်ငံသို့ တရားဝင် ချစ်ကြည်ရေး ခရီးစဉ်လာ ရောက်ရန် ဖိတ်ကြားအပ်ပါကြောင်း ပြောကြားသည်။

ထို့နောက် သြစတြီးယားတပ်မတော် စစ်ဦးစီးချုပ်က ပြန်လည်ဆွေးနွေး ပြောကြားရာတွင် ယခုကဲ့သို့ခရီးစဉ် လာရောက်သည့် အတွက် များစွာဝမ်းမြောက်ဂုဏ်ယူ ရပါကြောင်း၊ ယခုခရီးစဉ်မှစ၍ ဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက် မှုများ ပိုမိုတိုးမြှင့် တည်ဆောက် နိုင်မည်ဟု ယုံကြည်ပါကြောင်း၊ EU နိုင်ငံ တပ်မတော်များ အနေဖြင့် မြန်မာ့တပ်မတော်နှင့် ဆက်ဆံရေး တိုးမြှင့်ရန်ဆန္ဒ ရှိကြပါကြောင်း၊ မြန်မာနှင့် သြစတြီးယား တပ်မတော်နှစ်ရပ် ၏ ဆက်ဆံရေး တိုးတက်ကောင်းမွန် မှုသည် မြန်မာ့တပ်မတော် နှင့်အခြား EU တပ်မတော်များ၏ ဆက်ဆံရေးကို များစွာ အထောက်အကူ ပြုမည်ဖြစ် ပါကြောင်း၊ မြန်မာ့တပ်မတော်မှ အရာရှိများ ကိုလည်း သြစတြီးယား နိုင်ငံသို့ စစ်ဘက်ဆိုင်ရာ သင်တန်းများ စေလွှတ်တက်ရောက်ရန် ကမ်းလှမ်းအပ်ပါကြောင်း၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကိုလည်း နောင် သင့်လျော် အဆင်ပြေသည့် ကာလတွင် သြစတြီးယားနိုင်ငံသို့ တရားဝင်ချစ်ကြည်ရေး ခရီးစဉ် လာရောက်ရန် တစ်ပါတည်း ဖိတ်ကြားလိုက် ပါကြောင်းဖြင့် ဆွေးနွေးပြော ကြားသည်။

ထို့နောက် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ဧည့်သည်တော် မှတ်တမ်းစာအုပ်တွင် လက်မှတ်ရေးထိုးကာ အထိမ်းအမှတ်တံဆိပ်နှင့် လက်ဆောင် ပစ္စည်းများ အပြန်အလှန် လဲလှယ်ကြပြီး အမှတ်တရ စုပေါင်း ဓာတ်ပုံရိုက်ကူး ခဲ့ကြကြောင်း သတင်းရရှိသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger