www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, April 5, 2017

ငါးနှင့် လင်းပိုင်များမျိုးသုဉ်းစေမည့် ဘက်ထရီရှော့ခ်တိုက် ဖမ်းဆီးသူများရှိနေဆဲဖြစ်



မန္တလေး ၅-၄-၂၀၁၇

ဧရာဝတီမြစ် အတွင်း ငါးမျိုးစိတ်များ နှင့်လင်းပိုင်များ မျိုးသုဉ်း စေနိုင်သည့် ဘက်ထရီ ရှော့ခ်တိုက် ငါးဖမ်းဆီးသည့် စက်လှေသုံး စီးကို မတ်လ အတွင်းက ဖမ်းဆီးရမိခဲ့ သော်လည်း ဘက်ထရီ ရှော့ခ်တိုက်  ငါးဖမ်းဆီး နေသူများ ရှိနေဆဲ ဖြစ်ကြောင်း မန္တလေးတိုင်း ဒေသကြီး ငါးလုပ်ငန်း ဦးစီးဌာန ဧရာဝတီလင်းပိုင် ထိန်းသိမ်း စောင့်ရှောက် ရေးအဖွဲ့ တာဝန်ရှိသူ တစ်ဦးထံမှ သိရသည်။ 

မြန်မာနိုင်ငံတွင် မြစ်၊ချောင်း၊ အင်းအိုင်များ ပေါများစွာရှိပြီး မြန်မာနိုင်ငံ၏ ပင်မမြစ်ကြီး ဖြစ်သော ဧရာဝတီ မြစ်ကြီး အတွင်း၌ ရေချို၊ ရေငန်ငါး သယံဇာတ မျိုးစိတ်များ၊ ပုစွန်မျိုး စိတ်များအပြင် အိမ်နီးခြင်း နိုင်ငံ မြစ်များ အတွင်း၌လည်း ကျက်စားနေထိုင် လျက်ရှိသည့် ဧရာဝတီ လင်းပိုင်များပါ ကျက်စား နေထိုင်လျက် ရှိကြောင်း သိရသည်။

ထိုသို့ ကျက်စား နေထိုင်လျက် ရှိသည့်ဧရာဝတီ မြစ်ကြီးထဲတွင် ငါးသယံဇာတများ ပြုန်းတီးပျောက်ကွယ် သွားနိုင်သည့်အပြင် လင်းပိုင်များပါ ပျောက်ကွယ် သွားနိုင်မည့် ဘက်ထရီ ရှော့ခ်တိုက် ငါးဖမ်းဆီး နေမှုများကို မြန်မာနိုင်ငံရေကြောင်း ရဲနှင့် မန္တလေးတိုင်း ဒေသကြီး ငါးလုပ်ငန်း ဦးစီးဌာနတို့ ပူးပေါင်း၍ ဖမ်းဆီး အရေးယူမှုများ ပြုလုပ်ခဲ့ရာ မတ်လအတွင်းက ဘက်ထရီဖြင့် ရှော့ခ်တိုက် ငါးဖမ်းဆီးသည့် စက်လှေ သုံးစီးကို ဖမ်းဆီးရမိ ခဲ့သော်လည်း အဆိုပါ ဖမ်းဆီးပြီး ရက်များ အတွင်းသာ မဖမ်းကြ တော့ဘဲကျန် ရှိသည့်ရက်များ အတွင်းပြန်လည် ဖမ်းဆီးမှုများ ရှိနေကြောင်း သိရသည်။

''အခုလို ရှော့ခ်တိုက်ပြီး ငါးဖမ်းဆီးတဲ့ လှေတွေကို နေ့စဉ်နဲ့ အမျှသွားပြီး စစ်ဆေးဖို့ ဆိုတာ မဖြစ်နိုင်ဘူး။ ရှောင်တခင် စစ်ဆေးတာ တွေတော့ ပြုလုပ်နေတယ်။ ဒီလို ဧရာဝတီ မြစ်ကြီးအတွင်း ငါးသယံဇာတ တွေ
မျိုးသုဉ်း ပျောက်ကွယ် မသွားအောင် ပြည်သူတွေ အနေနဲ့ ဝိုင်းဝန်းကူညီ ဆောင်ရွက် သင့်ပါတယ်''ဟု ၎င်းက ဆက်လက် ပြောပြ၍ သိရသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger