နတ်မောက် ၅-၄-၂၀၁၇
ယခုနှစ် မိုးဥတုတွင် ရွာသွန်းခဲ့သော နောက်ပိုင်း မိုးကြောင့် သက်တမ်း ၁ဝဝ ကျော်ရှိ ဂုံပင်ကန်ကြီး၌ ရေလက်ကျန် များသဖြင့် နွေဥတုတွင် ရေအခက်အခဲ မဖြစ်နိုင်ကြောင်း နတ်မောက်မြို့နယ် သရက်ချဉ် အုပ်စု စန်းကန်ကျေးရွာမှ တောင်သူ ဦးဇော်မင်းထွန်းက ပြောပြ၍ သိရသည်။
''ကျွန်တော်တို့ရွာက ဒီကန်ကြီးကို အဓိကထားတယ်။ ကန်ရဲ့ အောက်မှာ ရေတွင်းတွေ တူးထားတော့ ကန်မှာရေရှိရင် ရေတွင်းတွေလဲ ရေများများ ထွက်ပါတယ်။ ဒီနှစ်တော့ နောက်ပိုင်းရွာ တဲ့မိုးက ကန်ထဲ ရေဝင်အောင် ရွာလို့နွေဥတု ရေအခက်အခဲ မရှိလောက်ဘူး။ တွင်းရေက လူသုံးပြီး ကန်ထဲက ရေကိုတော့ နွား၊ဆိတ်၊ သိုးတွေသောက် ရပါတယ်။ ရွာထဲမှာလဲ စိမ့်ရေတွင်း တူးထားတာ လေးငါးတွင်းတော့ ရှိပါတယ်။ ဒီနှစ်တော့ သောက်သုံးရေ အတွက် အဆင်ပြေပါတယ်''ဟု ၎င်းက ဆက်လက် ပြောပြသည်။
နတ်မောက်မြို့နယ် သရက်ချဉ် အုပ်စု၊ စန်းကန် ကျေးရွာတွင် အိမ်ခြေ ၂ဝဝ ကျော်ရှိပြီး တောင်သူလုပ်ကိုင် သူများပြားသည့် အပြင် လွှတ်ကျောင်း တိရစ္ဆာန်များ ဖြစ်သော နွား၊ ဆိတ်၊ သိုးများ ကိုလည်း တစ်ပိုင်တစ်နိုင် မွေးမြူ ကြသည်။
ယခုနှစ်တွင် ရွာမှအဓိက ထားသော သက်တမ်း ၁ဝဝ ကျော်ရှိ ဂုံပင်ကန်ကြီး၌ ရေလက်ကျန် များသဖြင့် သောက်သုံးရေနှင့် လွှတ်ကျောင်းတိရစ္ဆာန်များ အတွက် ရေအခက်အခဲ မရှိနိုင်ကြောင်း သိရသည်။
#Themyawadydaily






No comments:
Post a Comment