www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, April 3, 2017

ကမ္ဘာ့ရွှေဈေး စံချိန်တင်မြင့်တက်လာပြီးနောက် မြန်မာ့ရွှေဈေးလည်း ဈေးတက်မည့်အလားအလာရှိနေ





မန္တလေး ၃-၄-၂၀၁၇

ကမ္ဘာ့ ရွှေဈေး စံချိန်တင် မြင့်တက်လာ ပြီးနောက် မြန်မာ့ရွှေဈေးလည်း တက်မည့် အလားအလာ ရှိနေကြောင်း မန္တလေး ရွှေဈေးကွက် အတွင်းမှ သိရသည်။ ယခုနှစ် ဖေဖော်ဝါရီ လဆန်းမှစ၍ စံချိန်တင် ဈေးနှုန်းများ ဖြစ်လာကာ မတ်လ ဒုတိယပတ်တွင် ကျဆင်းခဲ့ ပြီးနောက် ယခုရက်ပိုင်းတွင် ဈေးနှုန်းများ ပြန်လည် မြင့်တက်လာကြောင်း သိရသည်။

ယနေ့တွင် ကမ္ဘာ့ရွှေဈေးနှင့် မြန်မာ့ရွှေဈေးမှာ ပုံမှန်ထက် မြင့်မားနေဆဲ ဖြစ်သော်လည်း ပွင့်လင်းရာသီ ကာလတွင် အရောင်းအဝယ် အနည်းငယ် ကောင်းမွန်ကြောင်း သိရသည်။ ဈေးကွက်အတွင်းတွင် ရွှေဈေးများ မြင့်မားမှုနှင့်အတူ ဒေါ်လာဈေးမှာလည်း သင်္ကြန်ကာလ နိုင်ငံတကာ ခရီးစဉ်များ ရှိသဖြင့် ဈေးဆက်တက်ဦးမည့် အလားအလာများ ရှိနေကြောင်း သိရသည်။ 

ကမ္ဘာ့ရွှေဈေးမှာ ပြီးခဲ့သည့် ကြာသပတေးနေ့က အမြင့်ဈေး ဖြစ်သည့် တစ်အောင်စလျှင် အမေရိကန်ဒေါ်လာ ၁၂၄၂ ဒေါ်လာခန့်မှ ယနေ့တွင် ၁၂၃၇ ဒေါ်လာခန့် သို့ရောက်ရှိနေကြောင်း သိရသည်။ 

ကမ္ဘာ့ရွှေဈေး မြင့်တက်မှုကြောင့် လတ်တလောတွင် လက်ကြီးရွှေ စုဆောင်းသူများ ငြိမ်သက်လျက် ရှိပြီး အခွန်နှင့် ဆိုင်သောပြဿနာများ ဆွေးနွေးဆဲ ဖြစ်သဖြင့် စောင့်ကြည့်ဆဲ အခြေအနေပင် ဖြစ်ကြောင်း ရွှေကုန်သည် တစ်ဦးက ပြောပြသည်။ 

မြန်မာ့ရွှေဈေးကွက် အလားအလာသည် သီးနှံပေါ်ချိန် ဖြစ်သဖြင့် လှုပ်ရှားမှုများ ရှိသော်လည်း ဈေးအတက်အကျ ရှိသောကြောင့် အရောင်းအဝယ် စောင့်ကြည့်နေရ ဆဲဖြစ်ကြောင်း သိရသည်။ 

ယနေ့တွင် ကမ္ဘာ့ရွှေပေါက်ဈေး တစ်အောင်စလျှင် အမေရိကန် ဒေါ်လာ ၁၂၃၇ ဒေါ်လာခန့်၊ မြန်မာ့ အခေါက်ရွှေ တစ်ကျပ်သားလျှင် ငွေကျပ် ၈၉၅၃ဝဝ ခန့်၊ ဒေါ်လာ ငွေလဲနှုန်းမှာ တစ်ဒေါ်လာပေါက် ဈေး ၁၃၆၉ ကျပ်ခန့်ဖြင့် ပေါက်ဈေးများ ဖြစ်ပေါ်လျက် ရှိကြောင်း သိရသည်။

ရွှေပြန်လည် ရောင်းချလိုသူ များ၏ဈေးကွက် ဖြစ်သဖြင့် ထုတ်ရောင်းမှု များလည်းရှိပြီး ဝယ်ယူလိုသူများ အနေဖြင့်လည်း ဈေးဆက်ကျ ချိန်ကိုသာ စောင့်ဆိုင်းနေ ကြကြောင်း သိရသည်။ 

လက်ရှိတွင် ကမ္ဘာ့ ရွှေဈေးကွက်ကို စောင့်ကြည့် နေဆဲဖြစ်ပြီး ကမ္ဘာ့ရွှေဈေးနှုန်း အပြောင်းအလဲကို မူတည်ကာ ဈေးနှုန်း မတည်ငြိမ် မှုများဖြစ် နိုင်မည်ဟု သိရသည်။ ကမ္ဘာ့ရွှေဈေး ဆက်လက် မြင့်တက်လာ ခြင်းနှင့် ဒေါ်လာငွေလဲ နှုန်း၏ သက်ရောက်မှု များမှာလည်း ဈေးကွက်ကို အပြောင်းအလဲ ဖြစ်စေနိုင်ပြီး စံချိန်တင် ဈေးနှုန်းများလည်း ဖြစ်လာနိုင်ကြောင်း သိရသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger