www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, March 16, 2017

MNDAA အကြမ်းဖက်သောင်းကျန်းသူ အဖွဲ့၏ နှောင့်ယှက်ပစ်ခတ်မှုကြောင့် မော်ထိုက်မြို့အတွင်းရှိ စာသင်ကျောင်းနှင့် ရဲစခန်း အဆောက်အအုံအချို့ လက်နက်ကြီးစများ ထိမှန်ပျက်စီး


အကြမ်းဖက်သောင်းကျန်းသူ များ၏ လက်နက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့်
 ထိခိုက်ပျက်စီးခဲ့သည့် အဆောက်အအုံများကို တွေ့ရစဉ်


နေပြည်တော် ၊ ၁၆-၃-၂၀၁၇

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကုန်းကြမ်းမြို့နယ်၊ မော်ထိုက်မြို့ အတွင်းရှိ တပ်မတော်စခန်းနှင့် ဝန်းကျင်တစ်ဝိုက် သို့ ယမန်နေ့နံနက် ၁ဝ နာရီ မိနစ်၂ဝ မှ ၁၁ နာရီ ၄၅ မိနစ်အထိ MNDAA အကြမ်းဖက် သောင်းကျန်းသူ အဖွဲ့က လက်နက်ကြီး များဖြင့် နှောင့်ယှက်ပစ်ခတ် ခဲ့သဖြင့် တပ်မတော် စစ်ကြောင်းက ပြန်လည်ပစ်ခတ် ခဲ့ရသည်။

အကြမ်းဖက် သောင်းကျန်းသူများမှ ပစ်ခတ်လိုက်သည့် လက်နက်ကြီး ကျရောက်ပေါက်ကွဲမှု များကြောင့် မော်ထိုက်မြို့ရှိ အခြေခံပညာ အထက်တန်းကျောင်း စာသင်ခန်းများ နှင့်မော်ထိုက်မြို့နယ် ရဲစခန်းရှိ အဆောက်အအုံ တချို့ ထိခိုက်ပျက်စီး ခဲ့ကြောင်း သိရှိရသည်။


မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၁၇)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger