www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, March 16, 2017

တည်ငြိမ်အေးချမ်းပြီး ခေတ်မီဖွံ့ဖြိုးတိုးတက်သော ဒီမိုကရေစီနိုင်ငံတော်ဖြစ်ရန် လိုလား


တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် စင်ကာပူသမ္မတ နိုင်ငံ 
ဂုဏ်ထူးဆောင် ဝါရင့်ဝန်ကြီး Mr.Goh Chok Tong အား လက်ခံတွေ့ဆုံစဉ်

နေပြည်တော် ၊ ၁၆-၃-၂၀၁၇

နိုင်ငံတော်ကို လုံခြုံအောင် ကာကွယ်နိုင်သည့်၊ နိုင်ငံအတွက် အကျိုးပြုနိုင်သည့် တပ်မတော်ဖြစ်ပြီး နိုင်ငံတော်က အားထားရသည့်အပြင် ပြည်သူလူထုက အားကိုးရသည့် တပ်မတော် ဖြစ်ရမည်ဆိုသည့် ခံယူချက်ဖြင့် လုပ်ဆောင်နေကြောင်း၊ လက်ရှိ မြန်မာ့နိုင်ငံရေး ဖြစ်ပေါ်ပြောင်းလဲမှု များကိုလည်း တပ်မတော်ကပင် လုပ်ဆောင်ပေးခဲ့ခြင်း ဖြစ်ပြီး ယင်းပခုံးပြောင်း တာဝန်ကြီး မိမိတို့အပေါ် ရောက်ရှိချိန် တွင်လည်း တည်ငြိမ် အေးချမ်းပြီး ဖွံ့ဖြိုးတိုးတက်သော ဒီမိုကရေစီနိုင်ငံတော် ဖြစ်ရန် လိုလားကြောင်းဖြင့် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က ယမန်နေ့ညနေ ၃ နာရီခွဲတွင် နေပြည်တော်ရှိ ဇေယျာသီရိဗိမာန် ဧည့်ခန်းမဆောင်၌ စင်ကာပူသမ္မတ နိုင်ငံ ဂုဏ်ထူးဆောင် ဝါရင့်ဝန်ကြီး Mr.Goh Chok Tong အား လက်ခံတွေ့ဆုံရာတွင် ဆွေးနွေး ပြောကြားသည်။

အဆိုပါ တွေ့ဆုံပွဲသို့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့်အတူ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိ ကြီးများ တက်ရောက်ကြပြီး စင်ကာပူသမ္မတ နိုင်ငံ ဂုဏ်ထူးဆောင် ဝါရင့်ဝန်ကြီး Mr.Goh Chok Tong နှင့်အတူ မြန်မာနိုင်ငံဆိုင်ရာ စင်ကာပူနိုင်ငံ သံအမတ်ကြီး Mr.Robert Chua ၊လွှတ်တော်အမတ် Mr.Zaqy Mohamad နှင့်တာဝန်ရှိသူများ တက်ရောက် ကြသည်။

ထိုသို့တွေ့ဆုံရာတွင် ဧည့်သည်တော် ဝန်ကြီးက မိမိအနေဖြင့် လွန်ခဲ့သည့် ၃၇ နှစ်က မြန်မာနိုင်ငံသို့ စတင်ရောက်ရှိခဲ့ပြီး နိုင်ငံ့ခေါင်းဆောင်များ၊ တပ်မတော်ခေါင်းဆောင် များနှင့် တွေ့ဆုံ ရင်းနှီးခဲ့မှု အခြေအနေများ၊ နိုင်ငံ တည်ဆောက်ရေး လုပ်ငန်းများတွင် မြန်မာ့တပ်မတော်၏ အရေးပါမှု အခန်းကဏ္ဍကို တွေ့မြင်သိရှိခဲ့ ရသည့် အခြေအနေများ၊ ဖွဲ့စည်းပုံ အခြေခံဥပဒေကို စနစ်တကျရေးဆွဲပြီး စစ်အစိုးရမှ အရပ်သား အစိုးရအုပ်ချုပ်ရေးသို့ လွှဲပြောင်းခဲ့မှု၊ ပါတီစုံ ဒီမိုကရေစီ ပထမသက်တမ်း ကာလမှ ဒုတိယသက်တမ်း ကာလသို့ လွှဲပြောင်းမှုများအား တည်ငြိမ်အေးချမ်းစွာ လုပ်ဆောင်ခဲ့မှုနှင့် တပ်မတော် အနေဖြင့် ယင်းနိုင်ငံရေး လုပ်ငန်းစဉ်များ အောင်မြင်အောင် အပြည့်အဝပူးပေါင်း ပါဝင်ဆောင်ရွက်ခဲ့မှု အခြေအနေများ၊ မြန်မာ့နိုင်ငံရေး အခြေအနေတွင် ပထမမဏ္ဍိုင်မှာ ခိုင်မာတောင့်တင်းစွာ စုဖွဲ့ထားသည့် တပ်မတော်ဖြစ်ပြီး ဒုတိယမဏ္ဍိုင် အနေဖြင့် နိုင်ငံရေးပါတီများနှင့် ဒီမိုကရေစီ လမ်းကြောင်းတွင် ပါဝင်နေသည့် အဖွဲ့အစည်းများ ဖြစ်ကြောင်း၊ ယင်းမဏ္ဍိုင်နှစ်ခု အပြန်အလှန် ယုံကြည်မှုရှိပြီး ချိတ်ဆက်လုပ်ဆောင်ရန် လိုအပ်ကြောင်း ရှုမြင် သုံးသပ်မှုများအား ရှင်းလင်းဆွေးနွေး ခဲ့ပြီး မြန်မာနိုင်ငံ အပေါ် များစွာ သံယောဇဉ်ရှိပြီး ဖွံ့ဖြိုးတိုးတက် စေလိုပါကြောင်း ပြောကြားသည်။

ထို့နောက် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် က မြန်မာနိုင်ငံတွင် ၂ဝ၁၁ ခုနှစ် ပထမသက်တမ်း ကာလ အစိုးရမှ ဒီမိုကရေစီ အုပ်ချုပ်ရေးစနစ် ပီပီပြင်ပြင် ဖြစ်စေရန် နိုင်ငံရေး၊ စီးပွားရေး၊ အုပ်ချုပ်ရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများ လုပ်ဆောင်ခဲ့သည့် အခြေအနေများ၊ လက်ရှိ ဒုတိယသက်တမ်း ကာလ အစိုးရ၏နိုင်ငံရေး ပြုပြင်ပြောင်းလဲမှု လုပ်ဆောင်နေသည့် အခြေအနေများနှင့် ဒီမိုကရေစီ ရင့်ကျက်မှုနှင့် လုံခြုံရေးစိတ်ချရ မှုအားနည်းနေ သေးသည်ကို ထည့်သွင်းစဉ်းစားရန် လိုအပ်မှု အခြေအနေများ၊ လက်ရှိအစိုးရနှင့် လွှတ်တော် သက်တမ်း ၁ နှစ်တာကာလအတွင်း တည်ငြိမ် အေးချမ်းရေးနှင့် ဒီမိုကရေစီပြုပြင် ပြောင်းလဲမှု အောင်မြင်ရေးတို့ အတွက် တပ်မတော်မှ ရပ်တည် လုပ်ဆောင်နေမှု အခြေအနေများ၊ ပထမသက်တမ်းကာလ အစိုးရနှင့်ပူးပေါင်း ဆောင်ရွက်မှု များကြောင့် အောင်မြင်မှုရရှိခဲ့သည့် အခြေအနေများ၊ တပ်မတော်အနေဖြင့် ပါတီစုံဒီမိုကရေစီ စနစ် တည်တည်ငြိမ်ငြိမ် ဖြင့် အောင်မြင်စေရေး၊ တိုင်းပြည်တိုးတက်ရေး အတွက်၊ စီးပွားရေးအားကောင်း စေရေးတို့အတွက် မျှော်လင့်ချက် ထားပြီး ဝိုင်းဝန်း လုပ်ဆောင်နေမှု အခြေအနေ များအား ဆွေးနွေး ပြောကြားသည်။

ယင်းနောက် တိုင်းပြည်ဖွံ့ဖြိုး တိုးတက်ရေး အတွက် တပ်မတော်အနေဖြင့် နိုင်ငံစီးပွားရေးကို တစ်ဖက်တစ်လမ်းမှ အထောက်အကူ ဖြစ်စေရန် ဝိုင်းဝန်း လုပ်ဆောင်ရန် လိုအပ်မှုနှင့် အစိုးရမှလည်း အားပေး လုပ်ဆောင်ရန် လိုအပ်မှု အခြေအနေများ၊ စီးပွားရေးဆိုင်ရာ အထောက်အကူပြု သင်တန်းတက်ရောက်ရေး ကိစ္စရပ်များ၊ နိုင်ငံ စီးပွားရေးအတွက် အထောက်အကူ ဖြစ်စေရန် မြန်မာ့တပ်မတော် အနေဖြင့် အလေးထား ဆောင်ရွက်နေမှု၊ အဓိကအားဖြင့် စားရေးအတွက် ဦးစားပေးပြီး ဝိုင်းဝန်းလုပ်ဆောင် နေမှု အခြေအနေများအား ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ ကြကြောင်း သိရှိရသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၃၂)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger