www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, March 23, 2017

ရန်လုံကျိုင်းအနီးပတ်ဝန်းကျင်မှ MNDAA အကြမ်းဖက် သောင်းကျန်းသူ အသုံးပြုသည့် Airgun သေနတ်နှင့် ခဲယမ်းဆက်စပ်ပစ္စည်းများ သိမ်းဆည်းရမိ


သိမ်းဆည်းရမိ MNDAA အကြမ်းဖက် သောင်းကျန်းသူများ အသုံးပြုသည့် AIRPORCE - Airguns တံဆိပ်ပါ Airgun သေနတ်နှင့် ခဲယမ်း ဆက်စပ်ပစ္စည်းများကို တွေ့ရစဉ်


နေပြည်တော် ၊ ၂၃-၃-၂၀၁၇

ရှမ်းပြည်နယ် အရှေ့မြောက်ဒေသ၊ လောက်ကိုင်မြို့နှင့် အနီးပတ်ဝန်းကျင် တစ်ဝိုက်၌ တပ်မတော် စစ်ကြောင်းများက MNDAA အကြမ်းဖက် သောင်းကျန်းသူ များအား ဖြန့်ခွဲထိန်းချုပ်လျက် ရှိရာ မတ် ၂၁ ရက် နံနက် ၁ဝ နာရီခွဲတွင် ရန်လုံကျိုင်း ရဲစခန်းအနီးရှိ အဆောက်အအုံ များအတွင်း နယ်မြေရှင်းလင်းစဉ် AIRPORCE -Airguns တံဆိပ်ပါ Airgun အမျိုးအစား (မှန်ပြောင်းပါ) သေနတ် တစ်လက်၊ ပွိုင့်-၂၂ ကျည်အပါအဝင် ကျည်မျိုးစုံ ၁၈၈ တောင့်၊ ကျည်အိမ်မျိုးစုံ လေးခု၊ လက်ပစ်ဗုံး လေးလုံးတို့ကို ရှာဖွေတွေ့ရှိ သိမ်းဆည်းရမိ ခဲ့သည်။

အဆိုပါနေရာနှင့် အနီးပတ်ဝန်းကျင် တစ်ဝိုက်အား တပ်မတော် စစ်ကြောင်းများက နယ်မြေ ရှင်းလင်းရေးများ ဆက်လက် ဆောင်ရွက်လျက် ရှိကြောင်း သိရှိရသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၁၄)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger