www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, March 23, 2017

ရေဖြူမြို့နယ်အတွင်း သေနတ်တစ်လက် ထပ်မံသိမ်းဆည်းရမိ



နေပြည်တော် ၊ ၂၃-၃-၂၀၁၇

တနင်္သာရီတိုင်း ဒေသကြီး၊ ရေဖြူမြို့နယ် အတွင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ကျောက်ကညာ ကျေးရွာနေ ညီပု (ဘ) ဦးစန်းမြင့်၏ နေအိမ်အား သတင်းအရ ဝင်ရောက်ရှာဖွေရာ WY စာတန်းပါ ပန်းရောင် စိတ်ကြွရူးသွပ် ဆေးပြားများနှင့် လက်နက်ခဲယမ်းများ ဖမ်းဆီးရမိ ခဲ့သည်။

အဆိုပါ ဖမ်းဆီးရမိသူ ညီပုအား စစ်ဆေးမေးမြန်းပြီး ဆက်စပ်သတင်း များအရ ၄င်း၏ ဖခင်ပိုင်ဆိုင်သည့် ကျောက်ကညာ ကျေးရွာ၏ အရှေ့ဘက် သီဟိုဠ်ခြံ၌ သေနတ်တစ်လက် ဝှက်ထားကြောင်း သိရှိရသဖြင့် မတ် ၂၁ရက် နံနက် ၃ နာရီခန့်တွင် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များနှင့် တာဝန်ရှိသူများ ပါဝင်သော ပူးပေါင်းအဖွဲ့က အဆိုပါနေရာသို့ သွားရောက်ရှာဖွေရာ ပွိုင့်-၂၂ သေနတ် တစ်လက်အား ထပ်မံသိမ်းဆည်း ရမိခဲ့သည်။

အဆိုပါ သိမ်းဆည်းရမိ သေနတ် တစ်လက်အား ရေဖြူမြို့နယ် ရဲစခန်းသို့ စနစ်တကျ အပ်နှံပြီး ဖြစ်ကြောင်း သိရှိရသည်။

မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger