www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, March 13, 2017

ပြင်ဦးလွင်မြို့တွင် မြန်မာ GAP အသိအမှတ်ပြုလက်မှတ် ရရှိရန် လျှောက်ထားနိုင်



ပြင်ဦးလွင် ၊ ၁၃-၃-၂၀၁၇

ပြင်ဦးလွင်မြို့နယ်တွင် ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံ၊ လယ်ယာသီးနှံ နှင့် ကော်ဖီစိုက်ပျိုး ထုတ်လုပ်သူ တောင်သူများ အတွက် မြန်မာ GAP (မြန်မာနိုင်ငံ၏ စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့် ကောင်းများ) အသိအမှတ်ပြု လက်မှတ်ရရှိရန် ဆောင်ရွက်လို သူများသည် စိုက်ပျိုးရေး ဦးစီးဌာနရှိ သက်ဆိုင်ရာ ဌာနခွဲများသို့ လျှောက်ထားနိုင်ပြီး ကော်ဖီသီးနှံ အတွက် ကော်ဖီရာသီ သီးနှံဌာနသို့ ဆက်သွယ် ဆောင်ရွက်ရမည် ဖြစ်ကြောင်း မတ် ၁ဝ ရက်က ကျင်းပပြုလုပ် သည့် GAP လက်မှတ်ရရှိရေး နည်းလမ်းများ အကြောင်း ဆွေးနွေးပွဲတွင် လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်နန်းစိန်မြိုင် က ရှင်းလင်း ပြောပြသည်။

မြန်မာ GAP ဆိုသည်မှာ မြေပြုပြင်စိုက်ပျိုး ထုတ်လုပ်သည်မှ စားသုံးသူလက်ဝယ် ရောက်သည်ထိ ထုတ်လုပ်မှု ကွင်းဆက်တိုင်းတွင် စားသုံးသူများ အတွက် အန္တရာယ် ဖြစ်စေနိုင်သည့် ကူးစက်ညစ်ညမ်း မှုများ အနည်းဆုံး ဖြစ်စေရန် လိုက်နာရမည့် နည်းလမ်းများကို စုစည်းထားသည့် စံလုပ်ထုံးလုပ်နည်း များဖြစ်ကြောင်း သိရသည်။

ထို့ပြင် မြန်မာ GAP တွင် အစားအစာ ဘေးအန္တရာယ် ကင်းရှင်းရေးကဏ္ဍ၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေးကဏ္ဍ၊ သီးနှံများ၏ အရည်အသွေး ကဏ္ဍနှင့် လုပ်သားများ ကျန်းမာရေး၊ ဘေးအန္တရာယ် ကင်းရှင်းရေးနှင့် လူမှုဘဝ သာယာရေးကဏ္ဍ တို့လည်း ပါဝင်ကြောင်း သိရသည်။

ရတနာပုံနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger