www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, March 13, 2017

အစေ့စားသီး နှင့် အခွံမာသီးများကို လုံလောက်စွာ မစားသောကြောင့် နှလုံးရောဂါဖြစ်ပွားမှုမြင့်မားနေ



နယူးယောက် ၊ ၁၃-၃-၂၀၁၇

ကမ္ဘာတစ်ဝန်းတွင် လူသေဆုံးမှု အများဆုံး ဖြစ်စေသော ရောဂါတစ်မျိုး ဖြစ်သည့် နှလုံးရောဂါ ဖြစ်ပွားမှုနှုန်း မြင့်မား နေရခြင်းသည် အစေ့စားသီး နှင့် အခွံမာသီး များကို လုံလောက်စွာ စားသုံးခြင်း မရှိသည့် အတွက်ဖြစ်ကြောင်း ကမ္ဘာ့ကျန်းမာရေး အဖွဲ့ WHO က ထုတ်ပြန် ကြေညာသည်။

နှလုံးရောဂါ အမျိုးအစား အမျိုးမျိုးဖြစ်သည့် နှလုံးခုန် ရုတ်တရက် ရပ်တန့်ခြင်း၊ နှလုံးသွေးညှစ်အား နည်းခြင်း၊ လေဖြတ်ြခင်း အစရှိသည် တို့ကြောင့် လူသေဆုံးမှု နှုန်းသည် နှစ်စဉ်သန်းနှင့်ချီ ရှိနေပြီး ၂ဝ၁၂ ခုနှစ် တစ်နှစ်တည်း တွင်ပင် နှလုံးရောဂါ ဖြစ်ပွားသေဆုံးသူ ဦးရေသည် ကမ္ဘာတစ်ဝန်းတွင် ၁၇ ဒသမ ၅ သန်းထက် မနည်း ရှိခဲ့ရာ တစ်ကမ္ဘာလုံး အကြောင်း အမျိုးမျိုးကြောင့် လူသေဆုံးမှု၏ ၃၁ ရာခိုင်နှုန်း ဖြစ်ကြောင်း သိရသည်။

''အစားအစာကို ကျန်းမာရေး နဲ့ ညီညွတ် မျှတအောင် မစားကြတဲ့ အတွက် နှလုံးရောဂါ အပါအဝင် ရောဂါမျိုးစုံ ဖြစ်ပွားရတာပါ'' ဟု သုတေသီ တစ်ဦးက ပြောပြသည်။ အစေ့စားသီးများ၊ အခွံမာသီး များနှင့် ဟင်းသီးဟင်းရွက် များကို လုံလောက်အောင် မစားပေးခြင်း၊ ဆားကဲ့သို့ အငန်ဓာတ်ကို လွန်ကဲစွာ စားသုံးခြင်း၊ အဆီအအိမ့် များကို မရှောင်နိုင်ခြင်း၊ နေထိုင်မှုပုံစံ မှားယွင်းခြင်းနှင့် ကိုယ်လက်လှုပ်ရှား မှုနည်းပါးခြင်း တို့ကြောင့် နှလုံးရောဂါ ဖြစ်ပွားနိုင်ခြေ မြင့်မားရခြင်း ဖြစ်ကြောင်း သိရသည်။

ရတနာပုံနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger