www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, March 13, 2017

ရန်ကုန်တိုင်းဒေသကြီး ၊ အင်းစိန်မြို့နယ် " သီရိမင်္ဂလာမဟာသာသနာ့ဗိမာန်တော်ကြီး " နှင့် ပတ်သက်၍ သတင်းထုတ်ပြန်ချက်


ရန်ကုန်တိုင်းဒေသကြီး ၊ အင်းစိန်မြို့နယ် " သီရိမင်္ဂလာမဟာသာသနာ့ဗိမာန်တော်ကြီး " နှင့် 
ပတ်သက်၍ သတင်းထုတ်ပြန်ချက်
နေပြည်တော် ၊ ၁၃-၃-၂၀၁၇

ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်၊ မင်းဓမ္မကုန်းမြေရှိ လောကချမ်းသာ အဘယလာဘမုနိ ရုပ်ပွားတော်မြတ်ကြီး ၏ ဝတ္တကမြေ အတွင်း၌ တပ်မတော် (ကြည်း၊ ရေ၊ လေ) မိသားစုများနှင့် အလှူရှင်များက တည်ဆောက် လှူဒါန်းသည့် သီရိမင်္ဂလာ မဟာသာသနာ့ ဗိမာန်တော်ကြီး ပန္နက်တော်တင်၊ တွင်းတော်ဝန်း မင်္ဂလာနှင့် အလှူငွေ ပေးအပ်လှူဒါန်းပွဲကို ၂ဝ၁၇ ခုနှစ်၊ မတ်လ ၉ ရက်နေ့ နံနက်ပိုင်းတွင် ပြုလုပ်ခဲ့သည့် သတင်းအား မြဝတီ ရုပ်မြင်သံကြား နှင့် မြဝတီသတင်းစာ များတွင် သတင်းထုတ်ပြန် ခဲ့ပြီး ဖြစ်ပါသည်။

အဆိုပါသတင်းအား မတ်လ ၁ဝ ရက်နေ့ထုတ် 7 Day Daily နေ့စဉ် သတင်းစာတွင် ''တပ်ချုပ်ဦးဆောင် လှူဒါန်းသော မဘသဥက္ကဋ္ဌ ဆရာတော်ကြီး ၏ မဟာသာသနာ့ ဗိမာန်တော် ပန္နက်တင်'' ဟု အဓိပ္ပာယ် များစွာ ကွဲလွဲသော သတင်းခေါင်းစဉ်ဖြင့် သတင်းဖော်ပြခဲ့ ပါသည်။ ရန်ကုန်တိုင်း ဒေသကြီး၊ မြောက်ပိုင်းခရိုင်အတွင်း သာသနာ့ ဗိမာန်တော်တစ်ခု အမှန်တကယ် လိုအပ်နေကြောင်း တိုင်းဒေသကြီး သံဃနာယကအဖွဲ့ ဥက္ကဋ္ဌ ဆရာတော်မှ စာဖြင့်မေတ္တာ ရပ်ခံ ပေးပို့ချက်အရ သာသနာ့ဗိမာန်တော် ပေါ်ပေါက်စေရေး တပ်မတော် (ကြည်း၊ ရေ၊ လေ) မိသားစုများက ကမကထ ပြုလုပ်၍ ရည်ရွယ် လုပ်ဆောင်ခဲ့ခြင်း ဖြစ်ပြီး အဆိုပါ သာသနာ့ ဗိမာန်တော်ကြီးတွင် သံဃာတော်များ ဓမ္မာစရိယနှင့် ပါဠိပထမပြန် စာမေးပွဲများ၊ အခြားသာသနာရေး ဆိုင်ရာ စာမေးပွဲများ ပြုလုပ်နိုင်ရန်နှင့် သာသနာတော် ထွန်းကားပြန့်ပွားရေး အလို့ငှာ အသုံးပြုနိုင်ရန် သံဃာအားရည်မှန်း၍ လှူဒါန်းသော ''သံဃိကဒါန'' စုပေါင်းအလှူသာ ဖြစ်ကြောင်း သတင်းမှန် ထုတ်ပြန်အပ် ပါသည်။

တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့

မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger