www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, March 17, 2017

ဧရာဝတီမြစ်ရေ နှစ်စဉ်ဖုံးလွှမ်း လျက်ရှိသည့် အရှေ့ ဆယ်လံကျေးရွာအား ရေဖုံးလွှမ်းခြင်းကင်းလွတ်ရာသို့ တပ်မတော်သားများကကူညီရွှေ့ ပြောင်း



နေပြည်တော် (၁၇-၃-၂၀၁၇)

မန္တလေးတိုင်း ဒေသကြီး၊ ညောင်ဦးခရိုင်၊ ညောင်ဦးမြို့ နယ်ရှိ အရှေ့ဆယ်လံ ကျေးရွာသည် မိုးရာသီတွင် နှစ်စဉ် ဧရာဝတီ မြစ်ရေ မြင့်တက်ကာ ရေလွှမ်းမိုး မှုကြောင့် ရေဘေး ကင်းလွတ်ရာ နေရာသို့ ကြိုတင်ရွှေ့ပြောင်းမှုများကို အလယ်ပိုင်း တိုင်းစစ်ဌာန ချုပ်မှ တပ်မတော်သား များက ဒေသခံ ပြည်သူများနှင့် ပူးပေါင်းကူညီ ပြောင်းရွှေ့ပေးလျက်ရှိသည်။ 

ထိုသို့ နှစ်စဉ် ရေဖုံးလွှမ်းမှု အန္တရာယ်ကို ခံစားရသော အရှေ့ဆယ်လံ ကျေးရွာ၌ ဘုန်းကြီးကျောင်း တစ်ကျောင်း၊ စာသင်ကျောင်း တစ်ကျောင်း၊ အိမ်ခြေ ၂၅ဝ လုံး၊ အိမ်ထောင် စု ၃၂ဝ၊ လူဦးရေ ၇၈၂ ဦးတို့ရှိပြီး ၎င်းကျေးရွာအား ရေဘေး ကင်းလွတ်ရာ ညောင်ဦးမြို့နယ်၊ ပုလင်းကျေးရွာ အုပ်စု၊ ပုလင်း ကျေးရွာသို့ ယနေ့နံနက် ပိုင်းတွင် စတင်ရွှေ့ပြောင်းကြရာ ကျောက်ပန်းတောင်း တပ်နယ်မှ တပ်မတော် သားများနှင့် ညောင်ဦးခရိုင်မှ ဌာနဆိုင်ရာဝန်ထမ်းများက မော်တော်ယာဉ် ၁ဝ စီးဖြင့် ကူညီရွှေ့ပြောင်းပေး ကြသည်။

ယင်းသို့ ပြောင်းရွှေ့ပေးရာတွင် အိမ်ခြေ ၅ဝ လုံး၊ အိမ်ထောင်စု ၉၃ စု၊ စာသင်ကျောင်း တစ်ကျောင်းနှင့် ဘုန်းတော်ကြီး ကျောင်းတစ်ကျောင်း တို့ကိုရွှေ့ ပြောင်းပေးခဲ့ပြီး ကျန်ရှိသော အိမ်ခြေများနှင့် အိမ်ထောင်စု များကို ဒေသခံပြည်သူများနှင့် ပူးပေါင်း၍ ဆက်လက် ရွှေ့ပြောင်းပေး သွားမည် ဖြစ်ကြောင်း သတင်း ရရှိသည်။

#themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger