www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, March 29, 2017

အင်းလေးကန်အတွင်း ရေပေါ်ဈေးသစ်တစ်ခုကို ယခုနှစ်မေလတွင် စတင်အကောင်အထည် ဖော်မည်



ရန်ကုန် ၊ ၂၉-၃-၂၀၁၇

အင်းလေးကန်မှ ဟဲယားကျေးရွာ ရေပေါ်ဈေးသည် ကုန်းမြေဈေးအဖြစ် တဖြည်းဖြည်း ပြောင်းလဲ  လာသဖြင့် အင်းလေးကန် အတွင်း ရေပေါ်ဈေးသစ် တစ်ခုကို ယခုနှစ် မေလတွင် စတင် အကောင်အထည်ဖော် ဆောင်ရွက် သွားမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ ခရီးသွား လုပ်ငန်းသတင်း များအရ သိရသည်။

အင်းလေးကန်သည် မြန်မာနိုင်ငံ၏ အထင်ကရ နေရာဒေသ တစ်ခုဖြစ်နေ သကဲ့သို့ အင်းလေးကန်၏ ကျွန်းမျောများနှင့် အင်းသားများ၏ ဓလေ့စရိုက် များကြောင့် နိုင်ငံတကာမှ စိတ်ဝင်စားခြင်း ခံနေရသည့် နေရာဒေသတစ်ခုဖြစ်သည်။

ထို့ကြောင့် အင်းလေးကန်ဒေသ သာယာဖွံ့ဖြိုး တိုးတက် လာစေရန်နှင့် အင်းလေးကန် ရေရှည် တည်တံ့နေစေရေး အတွက် သက်ဆိုင်ရာ များက ကြိုးပမ်း ဆောင်ရွက်လျက် ရှိသည်။

ထိုသို့ဆောင်ရွက်မှု များအရ အင်းလေးကန်တွင် ရေပေါ်ဈေးသစ် တစ်ခုဖွင့်လှစ် ပေးနိုင်ရန် စီမံဆောင်ရွက် ခဲ့ခြင်းဖြစ်သည်။ အဆိုပါ ရေပေါ်ဈေးသစ်ကို အင်းလေးကန် အတွင်း ရေပေါ်တွင် ရှိနေသေးသည့် ကျေးရွာများမှ ရွေးချယ်ကာ ယခုနှစ် မေလတွင် စတင် အကောင်အထည်ဖော် ဆောင်ရွက် သွားမည်ဖြစ်သည်။

လက်ရှိတွင် အင်းလေးကန် အတွင်း ရေပေါ်တွင် တည်ရှိနေ သေးသည့်ကျေးရွာ ၂ဝ ရှိနေရာ အဆိုပါ ကျေးရွာများထဲမှ ရေပေါ်အိမ်ခြေ ၇ဝ ရာခိုင်နှုန်း ရှိသေးသည့် အင်းပေါခုံရွာနှင့် ရေပေါ်အိမ်ခြေ ၈ဝ ရာခိုင်နှုန်း ရှိနေသေးသည့် နန်းပန်ပေါက်ပါး ရွာတို့ကို ရေပေါ်ဈေးသစ် အဖြစ် ဆောင်ရွက်ရန် ရွေးချယ်ထားသည်။ အင်းလေးဒေသသို့ လာရောက်လေ့လာ လည်ပတ်ကြမည့် ပြည်တွင်း၊ပြည်ပ ခရီးသွားများအား ဒေသထွက် ချည်ထည်၊ ငွေထည်ပစ္စည်း များနှင့် ဒေသထွက်ကုန်များ ရောင်းချဆွဲဆောင် သွားမည် ဖြစ်ကြောင်း သိရသည်။

မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger