www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, February 8, 2017

မန်းရွှေစက်တော်ရာဘုရားသို့ တစ်နှစ်ပတ်လုံး လက်ရောက်ဖူးမြော်နိုင်စေရန် စီစဉ် ဆောင်ရွက်သွားမည်



မင်းဘူး ၊ ၈-၂-၂၀၁၇

မကွေးတိုင်း ဒေသကြီး မင်းဘူးမြို့နယ်ရှိ မန်းရွှေစက်တော်ရာ ဘုရားသို့ တစ်နှစ်ပတ်လုံး လာရောက်ဖူးမြော် နိုင်စေရန် စီစဉ် ဆောင်ရွက်လျက် ရှိကြောင်း ဂေါပကအဖွဲ့ တာဝန်ရှိသူ တစ်ဦးထံမှ သိရသည်။

မန်းရွှေစက်တော်ရာ ဘုရားသို့ ပြည်သူများ ရာသီမရွေး လာရောက်ဖူးမြော် နိုင်ရေးပွဲတော် ကာလအတွင်း၌သာ အသုံးပြုသည့် လမ်းကို တစ်နှစ်ပတ်လုံး သွားလာနိုင်စေရန် အတွက် ယာယီတံတား နေရာ၌ အမြဲတမ်း အသုံးပြု၍ ရသောတံတား တည်ဆောက်ရန် စီစဉ်သွားမည် ဖြစ်ပြီး လေလံတချို့ ကိုလည်း မြန်မာတစ်နိုင်ငံ လုံးမှ ဝင်ရောက် ယှဉ်ပြိုင်ခွင့် ရရှိရန် အကြံပြုစာများ ရရှိထားကြောင်း သိရသည်။

ထိုသို့ မန်းရွှေစက်တော်ရာ ဘုရားသို့ တစ်နှစ်ပတ်လုံး လာရောက်ဖူးမြော် နိုင်ရန် စီစဉ်ရခြင်းမှာ ဘုရားပွဲတော် ကာလ မဟုတ်သည့် အချိန်များတွင် မိသားစုလိုက် အိမ်စီးကားများဖြင့် လာရောက်မှု များရှိနေပြီး ထိုအချိန်များတွင် လာရောက် ဖူးမြော်သူများမှာ ပုသိမ် - မုံရွာ လမ်းဘက်မှ အထက် စက်တော်ရာသို့ ရှစ်မိုင်ခန့် သွားလာ နေကြရသဖြင့် အချိန်ကုန် သက်သာစေရန် ဖြစ်ကြောင်း သိရသည်။

ထို့ပြင် မန်းရွှေစက်တော်ရာ ဘုရားပွဲတော် ကို ဖေဖော်ဝါရီ ၁ ရက်က စတင်ဖွင့်လှစ်ခဲ့ရာ ယခင်နှစ်များ ကထက် လာရောက် ဖူးမြော်သူ အနည်းငယ် နည်းပါးလျက် ရှိကြောင်း သိရသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၃၂)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger