www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, February 28, 2017

ချင်းတွင်းမြစ်ကြောင်းအတွင်း ရေယာဉ်များ အန္တရာယ်ကင်းရှင်းစွာ သွားလာနိုင်ရေး တစုန်းများ ရှင်းလင်း



မုံရွာ ၊ ၂၈-၂-၂၀၁၇

စစ်ကိုင်းတိုင်း ဒေသကြီး ချင်းတွင်းမြစ် အတွင်း မြစ်ရေနည်းပါးချိန်တွင် ပြေးဆွဲလျက်ရှိသော ရေယာဉ်များ၏ ဝမ်းဗိုက်များနှင့် ထိခိုက်ပျက်စီးမှုများ ဖြစ်ပေါ်နိုင်သဖြင့် ယခုနှစ်နွေရာသီတွင် တစုန်းနုတ်ခြင်း လုပ်ငန်းကို တိုင်းဒေသကြီး ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ လုပ်ဆောင်လျက် ရှိကြောင်း သိရသည်။

''နွေရာသီ မြစ်ရေနည်းပါးချိန်မှာ ချင်းတွင်းမြစ်ကို အထက်အောက် စုန်ဆန်သွားလာ ကြတဲ့ လူစီးအမြန် ရေယာဉ်တွေ၊ ကုန်တင်ရေယာဉ် တွေ အန္တရာယ်ကင်းရှင်း စွာနဲ့ သွားလာနိုင်ဖို့ အတွက် တစုန်းနုတ် လုပ်ငန်းကို နှစ်စဉ်မြစ်ရေ နည်းပါးချိန်တွေမှာ လုပ်ဆောင်တာပါ။ အခု နှစ်မှာတော့ အပိုင်း နှစ်ပိုင်းခွဲပြီး လုပ်ဆောင်တာ၊ အပိုင်း(၁)ဖြစ်တဲ့ ဟုမ္မလင်း-မော်လိုက် အပိုင်းကတော့ ပြီးသွားပြီ။ အခုဆက်ပြီး အပိုင်း(၂)ကို ဆက်ပြီး လုပ်နေတာ၊ ဖောင်းပြင်၊ ကလေးဝမြို့နယ် တွေမှာပြီးလို့ အခုဆို မင်းကင်းမြို့နယ် အတွင်းကို ဖြတ်နေပါပြီ၊ မုံရွာမြို့နယ် အောက်ဘက်ပိုင်း ဖြစ်တဲ့ ကျွန်းကြီးကျေးရွာ အနီးက ဘုမ္မနိုးရေလမ်း အထိ တစုန်းတွေကို နုတ်သွားမှာပါ'' ဟု တိုင်းဒေသကြီး ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

အပိုင်း(၁)အဖြစ် သတ်မှတ်ထားသည့် ချင်းတွင်းမြစ် အထက်ပိုင်းဒေသများ ဖြစ်သော ဟုမ္မလင်းမြို့နယ် ဖောင်းပြင်မြို့နယ်နှင့် မော်လိုက်မြို့နယ် အတွင်းရှိရေလမ်း ၁၃ ခုတို့တွင် ဇန်နဝါရီ ၁၆ ရက်မှ ၂၆ ရက်အထိ အမှတ် (၂) တစုန်းနုတ် ရေယာဉ်(တနရ-၂) ဖြင့် တစုန်း ၂ဝ ခုတန်ချိန် ၃ဝ ကိုလည်းကောင်း၊ အပိုင်း(၂) အဖြစ်သတ်မှတ်ထားသည့် ဖောင်းပြင်မြို့နယ်၊ ကလေးဝမြို့နယ် ၊ မင်းကင်းမြို့နယ် ၊ ကနီမြို့နယ် နှင့်မုံရွာမြို့နယ် အတွင်း ရေလမ်းများရှိ တစုန်းများကို ဖေဖော်ဝါရီ ၁၇ ရက်မှစတင်ပြီး တစုန်းနုတ်လုပ်ငန်း များကိုလည်းကောင်း လုပ်ဆောင် ပေးလျက် ရှိကြောင်း သိရသည်။ (၆၁၁)

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၁၃)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger